ကယ်လီဖိုးနီယားတောမီးကြောင့် ဒေသခံများ အရေးပေါ်ရွှေ့ပြောင်းကြရ

alt

အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယား တွင် လောင်ကျွမ်း နေသော တောမီး ကြောင့် ဒေသခံများ ကို အရေးပေါ် ရွှေ့ပြောင်းမှု များ ပြုလုပ် ပေးနေ ရကြောင်း သိရသည်။

မီးအရှိန် ပြင်းထန်လွန်း သဖြင့် မေလ (၈) ရက်နေ့က ကမ်းခြေ ဒေသများ အနီး ဒေသခံ (၃၀၀၀၀) ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသလို နောက်ထပ် (၂၃၀၀၀) ကိုလည်း အသင့်အနေအထား ပြင်ဆင်ထားရန် အာဏာပိုင်များ က သတိပေးထားသည်။ ဆန်တာနက်ဇာ တောင်ပေါ်ဒေသများ မှ စတင်သောမီးသည် (၄) ရက်မျှ ကြာမြင့် လာပြီဖြစ်သည့် တိုင် ငြှိမ်းသတ်နိုင်ခြင်း မရှိသေးပေ။ ဆန်တာဘာဘရာမြို့ပေါ်ရှိ နေအိမ် (၇) လုံးခန့်သည် မေလ (၇) ရက် နေ့တွင် ပြာကျ သွားခဲ့ပြီ ဖြစ်သော်လည်း နောက်ထပ် နေအိမ်ပေါင်းမည်မျှ ပျက်စီးခဲ့ သည်ကို ယခုတိုင် မခန့်မှန်း နိုင်သေးပေ။

တောမီးကြောင့် ပေါ်ထွက်လာသည့် မီးခိုးလုံးကြီးများ ဖုံးလွှမ်းနေသည့် အတွက် အနီးအနား ဒေသများတွင် နေရောင် ကိုပင် ခပ်မှိန်မှိန် မျှသာ မြင်ရ ကြောင်း သိရ သည်။ တောမီးကြောင့် သေဆုံးမှု နှင့် ဒဏ်ရာရမှု အခြေအနေများ ကို မသိ ရသေးကြောင်း သတင်းများ က ဖော်ပြ ခဲ့ကြ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here