စီးရီးအေ ဂျီနိုအာအသင်းမှ တိုက်စစ်မှူးအား အင်္ဂလန်ကလပ် အသင်းများ ခေါ်ယူလို

alt

အီတလီ စီးရီးအေကလပ် ဂျီနိုအာ အသင်း မှ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ဒီယေဂို မီလီတို၏ အေးဂျင့် ဖြစ်သူက ၎င်း ၏ ကစားသမား ကို အင်္ဂလန် ထိပ်သီး အသင်း (၃) သင်းက အလိုရှိ နေကြောင်း ပြောကြား လိုက်သည်။

အေးဂျင့် ဖြစ်သူ ၏ အဆိုအရ မီလီတို အား မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီး နှင့် တော့တင်ဟမ် တို့က စိတ်ဝင်စား နေကြောင်း သိရ သည်။ မီလီတို သည် အင်္ဂလန်တွင် ကစားလို ကြောင်း ပြောကြား ထားခဲ့ဖူးရာ ယခု သတင်းအတွက် ကျေနပ်နေကြောင်း အေးဂျင့် ဖာနန်ဒို ဟီဒယ်ဂို က ဆိုသည်။ ကစားပုံ မာကြောကြံ့ ခိုင်သော မီလီတို အား စိတ်ဝင်စားနေသည့် အခြား ကလပ်ပေါင်း အမြောက်အမြား လည်း ရှိနေသေးကြောင်း ဟီဒယ်ဂို က ပြောကြား ခဲ့သည်။

အခြားသော သတင်းများအရ အသက် (၂၉) နှစ်အရွယ် တိုက်စစ်မှူးအား အီတလီ ချန်ပီယံ အင်တာမီလန် အသင်းမှ နည်းပြ မော်ရင်ညို က ပေါင်စတာလင် (၁၄.၅) သန်းခန့်ဖြင့် ခေါ်ယူ သွားရန် ပြင်ဆင် နေကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here