ဂျော့ရှ် ကလူနေးလ် လို ဖြစ်ချင်သည်ဟု မီဂန်ဖော့က်(စ်) ဖွင့်ဟ

alt

မီဂန်ဖော့က်(စ်) က နာမည်ကျော် မင်းသား ဂျော့ရှ် ကလူနေးလ် ကဲ့သို့ Sex Symbol တစ်ဦး ဖြစ်လိုကြောင်း ထုတ်ဖော် ၀န်ခံလိုက် သည်။

Transformers ဇာတ်ကား မှ အသက် (၂၂) နှစ်အရွယ် မင်းသမီးချော က ဂျော့ ထံတွင် ဆန့်ကျင်ဘက် လိ်င် ၏ အာရုံကို သိမ်းကြံုး ဆွဲဆောင် နိုင်သည့် ဂုဏ် သတ္တိထူးများ ရှိနေကြောင်း ပြောကြား ခဲ့ပြီး ထို့ကြောင့်လည်း ပျိုုပျိုအိုအို အမျိုးသမီး တိုင်းက ၎င်းအပေါ် စွဲလန်းနေကြကြောင်း မှတ်ချက် ပြုခဲ့သည်။

ဂျော့ရှ်သည် ဂျိမ်းစ်ဘွန်း ကဲ့သို့ ရည်းစားများ သူ ဖြစ်သော်လည်း သူမ က သဘောကျ ကြောင်း ဖော့က်(စ်) က ဆို သည်။ ဂျော့ရှ်၏ အခြား ထူးခြားမှု တစ်ခုမှာ အသက်ကြီး လာလေ ဆွဲဆောင်အား ပြင်းထန်လာလေ ဖြစ်ခြင်းဟု ဖော့စ် က သုံးသပ် ခဲ့သည်။ ထို အရည်အသွေး အတွက်လည်း ဂျော့ရှ်ကို အားကျသည့် စိတ်က ပိုမို လာစေခဲ့ကြောင်း ဖော့က်(စ်) က ၀န်ခံလိုက်သည်။

ဖော့စ် အနေ နှင့် ထိုသို့ ပြောကြား ခဲ့သော်လည်း မကြာသေးမှီ က မှ သူမ သည် အမျိုးသားများ ကို မည်သို့ ထိန်းချုပ် ခိုင်းစေ ရမည် ကို ကောင်းကောင်း သိနေ ကြောင်းလည်း သတင်းထောက်များ ထံသို့ ထုတ်ဖော် ပြောဆို ခဲ့ သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here