အမေဇုန် ဒေါ့ကွန် က Kindle DX ဆိုတဲ့ လျှပ်စစ်စာအုပ် ရောင်းချမည်

alt

စာအုပ်တွေ သယ်ရတာ လေးလို့ စိတ်ညစ် နေသူတွေ အတွက်၊ အမေဇုန် ဒေါ့ကွန် က Kindle DX ဆိုတဲ့ လျှပ်စစ်စာအုပ် ဖတ်စက် ကလေး ကို စတင် ရောင်းချ တော့မှာ ဖြစ်ပါ တယ်။

နောက်ဆုံး ပေါ် မော်ဒယ် ဟာ ယခင် မော်ဒယ် ထက် စာဖတ် မျက်နှာပြင်ကြီးပြီး၊ မဂ္ဂဇင်းနှင့် သတင်းစာ ဖတ်တဲ့ သူတွေ အတွက် ပို်အဆင်ပြေ စေမယ် လို့ အမေဇုန် က ဆို ပါတယ်။ ယခု မော်ဒယ် အသစ် ဟာ ၉.၇ လက်မ ရှိပြီး၊ အရင် မော်ဒယ်ဟောင်း မျက်နှာပြင်ထက် ၂၅၀% ပိုကြီး ပါတယ်။

အီးဘုတ်လို့ ခေါ်တဲ့ လျှပ်စစ် စာအုပ်တွေ ထွက်လာတာ နှင့် အမျှ စာဖတ်သူတွေ ဟာ ဘယ်စက် နှင့် ဖတ်ရင် ကောင်းမလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာ ပါတယ်။ အီးဘုတ်တွေ ကို LCD နှင့် ဖတ်ရာတွင် ၊ ကွန်ပျူတာ မျက်နှာပြင် ပေါ်တွင် စာဖတ် သကဲ့သို့၊ LCD ၏ အလင်းပြန် ရိုက်မှု ကြောင့် မျက်လုံး ညောင်းညာမှု တွေ ဖြစ်ပါတယ်။ လက်ကိုင် ကွန်ပျူတာများ ရှိနေသော်လည်း ၊ LCD နည်းပညာများ ဖြစ်သဖြင့် မျက်လုံး ညောင်းညာမှုကို အကာအကွယ် ပေးနိုင်မှု မရှိ ပါဘူး။ ဒါပေမဲ့ ယခု ထုတ်လုပ် လိုက်တဲ့ အီးဘုတ် ဖတ်စက်တွေ ဟာ လျှပ်စစ်မှင် လို့ ခေါ်တဲ့ နည်းပညာ ဖြင့် ထုတ်လုပ် ထားတာမို့ စာရွက် အစစ် ပေါ်မှာ ဖတ်ယူ တဲ့ အတိုင်း မျက်လုံး ကို ညောင်းညာမှု သက်သာစေမှာ ဖြစ်လို့၊ စာဖတ်သူတွေ အတွက် အဆင်ပြေ စေပါ တယ်။

ယခု ဖတ်စက် ဟာ ၁ လက်မ နီးပါး အထူပဲ ရှိပြီး၊ မဂ္ဂဇင်း စာအုပ်တစ်အုပ် အရွယ်သာ ရှိမှာ ဖြစ်ပါ တယ်။ စာအုပ်ပေါင်း ၃၅၀၀ ကျော် သိမ်းစည်း နိုင်မှာ ဖြစ်ပြီး၊ စာဖတ် မျက်နှာပြင် ၉.၇ ဖြစ်လာတဲ့ အတွက်ကြောင့် စာဖတ်သူတွေ အတွက် စာလုံးများများ တပြိုင်တည်း ဖတ်နိုင် ပါတယ်။ ဖတ်စက်ဟာ လက်ရဲ့ကိုင်တွယ်မှု ပေါ်မှာမူတည်ပြီး၊ မျက်နှာပြင်ရှိ စာသားများ ဟာလည်း ဒေါင်လိုက်မှ အလျားလိုက် အလိုလျှောက် လှည့်ပြောင်းပေး သွားမှာ ဖြစ်လို့၊ မြေပုံ နှင့် အခြား အင်တာနက် စာမျက်နှာတွေ ကို အဆင်ပြေစွာ ဖတ်ရှု နိုင်ပါတယ်။ 

ပီဒီအက်ဖ် ပရိုဂရမ် ထည့်သွင်းထားခြင်းကြောင့် ပီဒီအက်ဖ်စာအုပ်များ ကို ဖတ်နိုင်မှာဖြစ်ပြီး၊  3G ( တတိယမျိုးဆက် ) ကြိုးမဲ့ အင်တာနက် စနစ် ထည့်သွင်း ထားတာကြောင့် စာအုပ်များကို ကြိုက်တဲ့ နေရာကနေ ကြိုးမဲ့ ဒေါင်းလုပ် ထည့်သွင်း ဖတ်ရှု နိုင်မှာ ဖြစ်ပါတယ်။ အမေဇုန်က ၎င်း ဖတ်စက် ဟာ ရက်ပေါင်း များစွာ ဘတ္ထရီအား ထပ်သွင်းစရာမလိုပဲ အချိန်ကြာမြင့်စွာ အသုံးပြု နိုင်တယ် လို့ ဆိုပါတယ်။

ဒီဖတ် စက်လေးတွေ ကို အမေရိကား မှာ ဒီနွေ မှာ စတင် ရောင်းချမှာ ဖြစ်ပြီး၊ ၉.၇ လက်မကို ၄၈၉ ဒေါ်လာ နှင့် ၆ လက်မ အမျိုးအစား ကို ၃၅၉ ဒေါ်လာ ဖြင့်ရောင်းချ မှာဖြစ်လို့၊ တစ်ချို့ စာဖတ်ချစ်သူတွေ ဟာ ဝယ်ချင်ကြသော်လည်း ဈေးကြီးတယ်လို့ ညှီးညူ နေကြ ပါတယ်။ အီးဘုတ် ဖတ်စက်တွေကို အမေဇုန် တစ်ခုတည်း ထုတ်လုပ်တာမဟုတ်ဘဲ၊ ဆိုနီ လျှပ်စစ် ကုမ္မဏီ ကလည်း ထုတ်လုပ်ပြီး၊ အမေရိကန်ထုတ် ပန်းသီး အိုင်ဖုန်း ကလည်း စာအုပ်တွေ ဖတ်လို့ရတဲ့ ဆော့်ဖ်ဝယ် တွေ ထည့်သွင်း လာတော့မယ် လို့ ဆိုပါတယ်။

ဟိန်းထက်

LEAVE A REPLY

Please enter your comment!
Please enter your name here