ကိုယ့်ကိုကိုယ် သတ်သေခြင်း နှင့် ပူပြင်းသော နေရာင်ခြည် ဆက်စပ်

alt

ပူပြင်းသော နေရောင်ခြည် သည် လူ အများ ကိုယ့်ကိုကိုယ် သတ်သေချင် စိတ် ဖြစ်အောင် လှုံ့ဆော် ပေးလေ့ရှိကြောင်း ပညာရှင်များ က ထောက်ပြပြောကြား ခဲ့သည်။

ဂရင်းလန်း ရှိ ကိုယ့်ကိုကိုယ် သတ်သေမှု ဆိုင်ရာ လေ့လာမှု အဖွဲ့တခု ၏ စစ်တမ်း တခုက သေကြောင်း ကြံစည်မှု များသည် နွေရာသီ တွင် သိသိသာသာ တိုးပွား နေတတ် ကြောင်း တွေ့ရှိ ခဲ့ကြ သည်။

အထူး သဖြင့် နေရောင်ခြည် ကို ပိုမို ရရှိသော အီကွေတာ မြောက်ပိုင်း နိုင်ငံများ ၏ နွေရာသီများ တွင် ပိုမို အဖြစ်များ တတ်ကြောင်း သိရသည်။ ဆွီဒင် နိုင်ငံ ကာရိုလင်စကာ ပညာရေး ဌာနမှ ဒေါက်တာ ကာရင် ဆပရင် ဂျော့စတန် က ဒိန်းမတ် မှ သုတေသန ပညာရှင် ပီတာဘီဂျာဂတ်၊ အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား မှ သုတေသီ ဒယ်နီရယ် ကရစ်ပကီ တို့နှင့် အတူ ပူးပေါင်း လေ့လာမှုများ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

ထိုနိုင်ငံ (၃) ခုသည် ဂရင်းလန်း သုတေသန အဖွဲ့တွင် ပူးပေါင်းပြီး (၁၉၆၈) ခုနှစ် မှ (၂၀၀၂) ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကိုယ့်ကိုကိုယ် သတ်သေမှု ပေါင်း (၁၃၅၁) ခုကို လေ့လာခဲ့ရာ ယခု ဖြစ်ရပ်ကို အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် လူများသည် နွေရာသီ တွင် ဘီယာ ကို ပိုမို အသောက်များ ကြသလို အသိစိတ် ကို ထိန်းချုပ် နိုင်မှု မှာ အားနည်း သွားတတ် ကြောင်း သိရသည်။

ပူပြင်းသော နေရောင်ခြည် သည် လူ တဦး ၏ ဆင်ခြင်တုံ တရားကို ဖျက်ဆီး ပစ်ပြီး မလုပ်သင့်သော အမှားများ ကို လုပ်မိ စေရန် တွန်းအား ပေးလေ့ ရှိကြောင်း သုတေသီများ က ရှင်းပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here