မဒက်ဂါစကား နိုင်ငံတွင် ဖားမျိုးစိတ် သစ်ပေါင်း များစွာ ရှာဖွေတွေ့

alt

သိပ္ပံ ပညာရှင်များ သည် မဒက်ဂါစကား နိုင်ငံ တောနက်ကြီး အတွင်းမှ ဖား မျိုးစိတ် သစ်ပေါင်း (၂၀၀) ခန့်ကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

ထို ပမာဏသည် ကုန်းနေ ရေနေ မျိုးစိတ်သစ်များ တကြိမ်တည်းတွင် အများဆုံး ရှာဖွေနိုင်သည့် ယခင် စံချိန်ဟောင်း ၏ (၂) ဆမျှထိ ပမာဏ ရှိသည်ဟု သိရှိရသည်။

အာဖရိက တိုက် အရှေ့ တောင်ပိုင်း ကမ်းခြေ ရှိ မဒက်ဂါစကား တွင် အခြားသော မှတ်တမ်း မတင် ရသေးသည့် တိရစ္ဆာန်များ လည်း ရှိနေဦးမည်ဟု စပိန် သိပ္ပံသုတေသန ဌာနမှ ဒေါက်တာ ဖရန့် ဂလော က ဆိုသည်။ ၎င်းတို့ အနေနှင့် အစပိုင်းတွင် မျိုးစိတ် (၁၂၉) ခုမှ နောက်ဆုံးတွင် (၂၂၁) ခုသော ဖား မျိုးစိတ်သစ်များ ကို ရှာဖွေနိုင်ခဲ့ကြောင်း ဂလော က ပြောကြားခဲ့သည်။ ခန္ဓာကိုယ်တွင် အကွင်းများဖြင့် ခြယ်မှုန်းထားသော ဖားများ နှင့် အဆိပ် ပြင်းထန်သော ဖားများ ကိုလည်း သုတေသီများ က ရှာဖွေ နိုင်ခဲ့ကြသည်။

ဂလော က လွန်ခဲ့သည့် (၁၅) နှစ် အတွင်းကလည်း မဒက်ဂါစကား နိုင်ငံအတွင်းမှ ဖားမျိုး စိတ် (၁၀၀) ကျော် ကိုရှာဖွေ တွေ့ရှိ ခဲ့ဖူးသေးကြောင်း ထုတ်ဖော်ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here