ဆွီဒင်၌ ပြစ်ဒဏ်ကျခံလိုသော အမျိုးသမီးအား လက်ခံရန် အသင့်

alt

ဆွီဒင် နိုင်ငံ အတွင်း ပြစ်ဒါဏ်ကျ ခံခွင့်ပြုပါရန် အသနား ခံခဲ့သော အမျိုးသမီး အကျဉ်းသားအား လက်ခံရန် အသင့် ရှိ နေကြောင်း ဆွီဒင် နိုင်ငံ က ပြောကြား လိုက်သည်။

ဆွီဒင် နိုင်ငံဖွား ချာလော်တီ၊ လင်းစထရွမ်း သည် (၂၀၀၇) ခုနှစ် အတွင်း က မူးယစ်ဆေးဝါး ရောင်းဝယ် သည့် ဩစတြေးလျ နိုင်ငံသား သူမ ၏ ချစ်သူ ကို သတ်ဖြတ်မှု ဖြင့် တရားစွဲ ခံခဲ့ရသည်။ မျက်မြင် သက်သေ (၂) ဦးက အသက် (၂၄) နှစ်အရွယ် အမျိုးသမီး အနေ နှင့် လူသတ်မှု ကျူးလွန်ကြောင်း ထွက်ဆိုခဲ့ပြီးနောက် ထောင်ဒဏ် (၄) နှစ်နှင့် (၉) လကျခံရန် တရားရုံးက အမိန့်ချခဲ့သည်။

ဩစတြေးလျနိုင်ငံထုတ် ဆစ်ဒနီသတင်းစာ၏ ပင်တိုင် ဆောင်းပါးရှင် တဦး ဖြစ်သည့် ချာလော်တီသည် ပြစ်ဒဏ်အား စကင်ဒီနေးဗီးယန်းဒေသရှိ မွေးရပ်နိုင်ငံတွင် ကျခံခွင့်ပြု ပါရန် တောင်းဆို ခဲ့ပြီးနောက် ဆွီဒင် တရားရေး ၀န်ကြီးက မေလ (၇) ရက်နေ့တွင် အစိုးရအနေနှင့် ချာလော်တီအား လွှဲပြောင်းယူရန် အဆင်သင့် ရှိကြောင်း ကြေညာ ခဲ့သည်။

၎င်းတို့ အနေနှင့် ဩစတြေးလျ အာဏာပိုင်များ နှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီး ချာလော်တီ အား ခေါ်ယူ သွားမည် ဖြစ်ကြောင်း ၀န်ကြီး ဌာန ကြေညာချက် တွင် ပါရှိ ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here