ဒေါ်စု၏ ကျန်းမာရေး နှင့် လုံခြံုရေး စိုးရိမ်ဖွယ်

alt

နေအိမ် အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ကျန်းမာရေး အခြေအနေ ချို့ယွင်းလာ သဖြင့် အစားမစားနိုင်ဖြစ်ကာ ရေဓါတ် နည်းခြင်း နှင့် သွေးပေါင်ကျခြင်း များ ခံစားနေရကြောင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးဉာဏ်ဝင်း မှ ယနေ့ စနေနေ့တွင် ပြောဆို လိုက်သည်။

ပြီးခဲ့သည့် သောကြာနေ့ က ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစု ကျန်းမာရေးဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ၏ လက်ထောက် ဆရာဝန် ဒေါ်ပြုံးမျိုးအိ က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ ဆေးစစ် ပေးခဲ့ပြီး၊ အကြောဆေး သွင်းခဲ့ ပေးရကြောင်း၊ ကျန်းမာရေး မကောင်းကြောင်း ပြောဆိုခဲ့တယ်လို့ ဦးဉာဏ်ဝင်း မှ အတည်ပြုပြောဆို ခဲ့ပြီး၊ ဒေါက်တာ တင်မျိုးဝင်း ၏ လက်ထောက် ဆရာဝန် ဒေါ်ပြုံးမျိုးအိ အား လူထုအသံ အွန်လိုင်းဂျာနယ် မှ ဆက်သွယ်ခဲ့သော်လည်း၊ သူ့မ အနေဖြင့် ဖြေဆိုရန် ငြင်းဆန် သွားခဲ့သည်။

ဒေါ် အောင်ဆန်းစုကြည် နေအိမ် ပုရဝဏ်အတွင်းမှ ဗုဒ္ဓဟူးနေ့က ရေကူးထွက်လာသော အမေရိကန်နိုင်ငံသား မစ္စတာ ဝီလီလျံ ယက်ထော အား IBC အင်းလျားကန်အနီးတွင် ဖမ်းဆီးမိပြီး၊ ဒေါ်စု၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းအား ကြာသပတေးနေ့ စစ်အစိုးရမှ စစ်ကြောရန် ဖမ်းဆီးထားလိုက်ပြီး၊ မည်သည့် အတွက်ကြောင့် ယခုလို ဖမ်းဆီး ထားလိုက်သည့်ကို မြန်မာ စစ်အစိုးရမှ တရားဝင် ထုတ်ဖေါ်ပြောဆိုခြင်း အလျဉ်းမရှိ သေးသလို၊ မည်သည့် နေရာကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်းလည်း သတင်းထုတ်ပြန် ထားရှိခြင်း မတွေ့ရှိရပေ။

လာမည့် မေလ ၃၀ ရက်နေ့တွင် နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့် မြောက်တော့မည့် အခြေအနေ၌ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးရမိသည့် အမေရိကန်နိုင်ငံသား က ဒေါ် အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း အတွင်းသို့ ဝင် ရောက်ခဲ့သည့် ဆိုသော မြန်မာ စစ်အစိုးရ သတင်းစာပါ အချက်အလက်များ ဒေါ်အောင်ဆန်းစုကြည် ၏ အကျယ်ချုပ်သက်တမ်းကို ထပ်မံချဲ့ယူရာ ရောက်ပြီး၊ ကျန်းမာရေး၊ လုံခြုံရေး နှင့် ဒေါ် အောင်ဆန်းစုကြည် မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းအား ထိုအမှုတွဲတွင်ဆင်ကာ ဖမ်းဆီးထိန်းသိမ်း လိုက်ခြင်း စသည့်သတင်းများသည် မြန်မာ ပြည်သူတွေ အကြား သို့လော၊ သို့လော ပြောဆို ဆွေးနွေးသံများ ညံနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here