ရေခဲ ပုံးထဲက မြန်မာနိုင်ငံသား ဩဇီတွင် ခိုလှုံခွင့်ရ

alt

ဇန်နဝါရီလ အတွင်း က ဩစတြေးလျား ရေပိုင်နက် အတွင်း တွင် စီးပွားဖြစ်သုံး ရေခဲပုံးကြီး တခု ဖြင့် ၂၅ ရက်ကြာ မျောပါနေသော မြန်မာ နိုင်ငံသား ၂ ဦးအား လူသားချင်း စာနာ ထောက်ထား သော အားဖြင့် ဩစတြေးလျား နိုင်ငံက တရားဝင် ခိုလှုံ နေထိုင်ခွင့် ပြုလိုက်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာ လိုက် သည်။

ဩစတြေးလျား နိုင်ငံ မြောက်ပိုင်း ရေပိုင်နက် တွင် ခရစ္စမတ် ရက်မြတ် ကာလ မတိုင်မီ ကတည်း က စ၍ ရေခဲပုံကြီးနှင့် မုန်တိုင်း အတွင်း မျှောနေသော အသက် ၂၃ နှစ် နှင့် ၂၄ နှစ် အရွယ် ရှိ ထိုင်း ငါးဖမ်းလှေ မှ မြန်မာ နိုင်ငံသား ၂ ဦးအား တလ နီးပါး အကြာ ဇန်နဝါရီလ တွင် ဩစတြေးလျား ကင်းလှည့် လေယာဉ်မှ တွေ့ရှိ ကယ်ဆယ် ရရှိခြင်း ဖြစ်သည်။ ထိုသူများမှ ဩဇီ အာဏာပိုင်များအား ပြောပြချက်အရ လူ၁၈ဦးပါ ထိုင်း ငါးဖမ်း လှေ တွင် လှေသား အဖြစ် လိုက်ပါ စဉ် မုန်တိုင်းမိ ၍ ထိုသို့ မျှောပါ ရခြင်း ဖြစ်သည် ဟု ဆိုပြီး သောကြာနေ့ က ဩဇီ လူဝင်မှု ကြီးကြပ်ရေး ရုံးမှ ထိုသူ ၂ ဦး အပါအဝင် ၅ ဦးအား ဩစတြေလျား နိုင်ငံ အတွင်း လူသားချင်း စာနာ ထောက်ထားသော ဗီဇာ ခိုလှုံခွင့် ထုတ်ပေး လိုက် သည်ဟု ဆိုသည်။

ခိုလှုံခွင့် တောင်းခံသူများ ချုပ်နှောင်ထားရာ ဩစတြေးလျား နိုင်ငံပိုင် ခရစ္စမတ်ကျွန်း ရှိ လ.ဝ.က အချုပ် မှ အေအက်(ဖ်)ပီ သတင်း ဋ္ဌာန သို့ ဖြေကြားရာတွင် ပြည်ထဲရေး ဝန်ကြီးဋ္ဌာနမှ ထိုသူ ၂ ဦး အပါအဝင် အခြား ၃ ဦး၊ ပေါင်း ၅ ဦး အား နိုင်ငံ တွင်း ခိုလှုံခွင့် ပြုလိုက်သည်မှာ ဟုတ်မှန်ကြောင်း ယနေ့ စနေနေ့ တွင် ပြောဆို လိုက်ပြီး၊ ဇန္နဝါရီလ အတွင်း က ဩဇီ မြောက်ပိုင်း တိုရက်ဇ် ရေလက်ကြား တွင် ဖမ်းဆီးမိသော ထိုင်း ငါးဖမ်းလှေ မှ ဧရာဝတီတိုင်း ဟင်္သာတ မှ တံငါသည် ၂ ဦးအား ကယ်ယူ ရရှိစဉ် ကျန်းမာရေး အထူး ကောင်းမွန် နေပြီး မလိုလားအပ် သော သံသယများ တွေ့ရှိ ရသော်လည်း နာမည်ဆိုး ဖြင့် ကျော်ကြားသော သူတို့၏ အမိနိုင်ငံ ပြန်ပို့ပါက အသက်အန္တရာယ် အထူး စိုးရိမ် ရသဖြင့် လူသားချင်း စာနာ ထောက်ထားသော အားဖြင့် ဩစတြေလျား နိုင်ငံတွင်း ခိုလှုံ နေထိုင်ခွင့် ပေးလိုက်ကြောင်း ပြည်ထဲရေး ဋ္ဌာန ထုတ်ပြန်သော စာတွင် ထည့်သွင်း ရေးသား ထားသည် ဟု သတင်းများ တွင် ဖေါ်ပြ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here