မန်ယူမှ ဒါရင်ဖလက်ချာ၏ နောက်ဆုံးအကြိမ် အယူခံတင်သွင်း

alt

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဒါရင်ဖလက်ချာ ၏ နောက်ဆုံးအကြိမ် အယူခံကို ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA သို့ တင်သွင်း လိုက်ပြီဟု အသင်းက ကြေညာ သည်။

အသက် (၂၅) နှစ်ရှိ စကော့တလန် လက်ရွေးစင် သည် ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ ဒုတိယ အကျော့ တွင် ကစားပုံ ကြမ်းတမ်း သည်ဟု ဆိုကာ ဒိုင်လူကြီး က တိုက်ရိုက် အနီကဒ် ဖြင့် ထုတ်ပယ် ခဲ့သဖြင့် ဗိုလ်လုပွဲ နှင့် လွဲချော် ခဲ့ရသည်။

ထို့ အတွက် အသင်းက နောက်ဆုံးအဆင့် အယူခံကို UEFA သို့ ပေးပို့ထားပြီး ဖလက်ချာ၏ အနီကဒ် ပြစ်ဒဏ်ကို အဝါကဒ် အဆင့်သို့ လျှော့ချပေးရန် မျှော်လင့်နေ၏။ ထိုနေ့က ဖလက်ချာ ကျူးလွန် ခဲ့သော ပြစ်ဒဏ် အတွက် အနီကဒ် ပြခဲ့သော ဒိုင်လူကြီး ၏ ဆုံးဖြတ်ချက် မှာ ပြင်းထန်လွန်း သည် ဟု မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအဲလက် ဖာဂူဆန် က ဆိုသည်။

ယခု အယူခံ အတွက် အစွမ်းကုန် ကြိုးစား ထားကြောင်း၊ ဖလက်ချာ အနေ နှင့် ဗိုလ်လုပွဲ တွင် ကစားခွင့် ရမည်ဟု အကောင်းမြင် မျှော်လင့်မိကြောင်း ဖာဂူဆန် က ထုတ်ဖော်ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here