သည်းထိတ် ရင်ဖိုဇာတ်ကားတွင် ကေတီဟုမ်း သရုပ်ဆောင်မည်

alt

နာမည်ကျော် ဟောလီးဝုဒ် မင်းသမီး ကေတီဟုမ်း သည် သည်းထိတ်ရင်ဖို ဇာတ်ကား တစ်ခုတွင် ပါ၀င် သရုပ်ဆောင်ရန် သဘောတူညီ လိုက်ပြီ ဖြစ်သည်။

Bat Man Begins ဇာတ်ကားတွင် ပါ၀င် သရုပ်ဆောင် ခဲ့သည့် မင်းသမီးသည် (၁၉၇၀) ပြည့် လွန် နှစ် များက ရုပ်မြင်သံကြား ဇာတ်လမ်း Don’t Be Afraid Of The Dark ကို ပြန်လည် ဆန်းသစ် ထားသည့် ဇာတ်ကား အတွင်း သရုပ်ဆောင် မည် ဖြစ်သည်။

ထို ဇာတ်ကား သည် အိမ်သစ်တလုံး အတွင်းသို့ ဖခင် နှင့် သူမ၏ ချစ်သူ နှင့် အတူ ပြောင်းရွှေ့ရောက်ရှိ လာသည့် အမျိုးသမီးငယ် တစ်ဦး ကြောက်မက်ဖွယ် မကောင်းဆိုးရွား တစ္ဆေများ နှင့် တွေ့ဆုံ ရပုံကို ရိုက်ကူး ထားသည်။ ထို ဇာတ်ကား အတွက် ဇာတ်ညွှန်း ကို ပြန်လည် အပြီးသတ် ပြီးနောက် ကေတီ အား ကမ်းလှမ်း ခဲ့ရာ မင်းသမီး ကလည်း လက်ခံ ခဲ့သည်။

Don’t Be Afraid Of The Dark သည် ပြီးခဲ့ သည့် နှစ် က Mad Money ဇာတ်ကားတွင် သရုပ်ဆောင် ခဲ့ပြီး နောက်ပိုင်း ကေတီ ၏ ပထမဆုံး ရုပ်ရှင်ကား လည်း ဖြစ်လာ ခဲ့ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here