အယ်ဇိုင်းမားရောဂါအတွက် ဗိုက်တာမင်အီး အရေးပါ

alt

အယ်ဇိုင်းမား ရောဂါ ကို တားဆီးရာတွင် ဗိုက်တာမင်အီး သည် အရေးပါသော အခန်း ကဏ္ဍတွင် ရှိနေကြောင်း ဆရာဝန်များက ဆိုသည်။

အယ်ဇိုင်းမား ဖြစ်ပေါ် စေနိုင် သော ခန္ဓာကိုယ်တွင် ဇီဝပြောင်းလဲမှု များကို ဗိုက်တာမင်အီး က ဟန့်တား ထားနိုင်ကြောင်း မက်ဆာချူးဆက် အထွေထွေ ဆေးရုံ မှ ဒေါက်တာ အဲလက်ဇာရာ အက်ထာရေး က ပြောကြား ခဲ့သည်။ ၎င်းသည် ဘော်စတွန် ဟားဗတ် ဆေးကျောင်းမှ ဆရာဝန်များ နှင့် ပူးပေါင်းပြီး အယ်ဇိုင်းမား ဝေဒနာရှင် လူနာပေါင်း (၅၄၀) ၏ ဆေး မှတ်တမ်းများ ကို လေ့လာ သုတေသန ပြုခဲ့ ကြသည်။

အယ်ဇိုင်းမား ရောဂါလက်ရှိ ဖြစ်ပွားနေသည့် လူနာများတွင်ပင် ဗိုက်တာမင် အီး ကို ဖြည့်စွမ်း ပေးပါက ရောဂါ သက်သာလာမည်ဟု ယုံကြည် ရကြောင်း အက်ထာရေး က ဆိုသည်။ ၎င်းတို့ အနေ နှင့် လူနာများ ၏ အခြေအနေကို (၃) နှစ်မျှ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီး နောက် ဗီတာမင်အီး ကို ပမာဏများစွာ ဖြည့်တင်းပေးသည့် လူနာများသည် မိသားစုကို မမှတ်မိ တော့ရာမှ ပြန်လည် သတိရလာခြင်း စသည့် အကျိုးထူးများ တွေ့ရှိခဲ့ကြောင်း ထုတ်ဖော် ပြောဆို ခဲ့သည်။

မှတ်တမ်းများ အရ အယ်ဇိုင်းမား ရောဂါ ပြင်းပြင်းထန်ထန် ခံစား နေရသော လူနာများဆိုလျှင် ပိုမို များပြားသော ပမာဏဖြင့် ဗီတာမင်အီး ကို ဖြည့်စွက် ပေးသင့်ကြောင်း အက်ထာရေး က ပြောကြား သွားသည်။

.

LEAVE A REPLY

Please enter your comment!
Please enter your name here