Armani အတွင်းခံဝတ်စုံ ဒီဇို်င်းသစ် မိတ်ဆက်ပွဲ ဗစ်တိုးရီးယား တက်ရောက်

alt

မေလ (၆) ရက်နေ့က ဗစ်တိုးရီးယား ဘက်ဟမ်းသည် နယူးယောက် Armani အတွင်းခံ ၀တ်စုံ ဒီဇိုင်းသစ် မိတ်ဆက်ပွဲသို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

အသက် (၃၅) နှစ်အရွယ် ဗြိတိန် သူသည် ခင်ပွန်း သည် ဘောလုံးသမား ဒေးဗစ် ဘက်ဟမ်း နှင့် အတူ Armani အတွင်းခံ အဝတ်အထည်များ ကိုယ်ဟန် ပြပေးရန် ပေါင်စတာလင် (၃၂) သန်း တန်ဖိုးရှိ စာချုပ်ကို လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။

နယူးယောက် မြို့တော် တွင် ပြုလုပ်သည့် အဆိုပါ Armani မိတ်ဆက်ပွဲသို့ ဗစ်တိုးရီးယား တက်ရောက် ခဲ့သော်လည်း ခင်ပွန်းသည် ဒေးဗစ် မှာမူ အီတလီတွင် ရောက်ရှိ နေခြင်းကြောင့် လိုက်ပါလာခြင်း မရှိပေ။ ဗစ်တိုးရီးယား သည် ပေ (၂၀) အမြင့်ရှိ သူမ ရုပ်ပုံ ပိုစတာကြီး ရှေ့တွင် ဓာတ်ပုံ အရိုက်ခံ ခဲ့ပြီး Armani ထုတ်ကုန်သစ် ကို ကြော်ငြာ ပေးသွား ခဲ့သည်။

Spice Girls အဖွဲ့မှ အဆိုတော်ဟောင်းလည်း ဖြစ်သူ ဗစ်တိုးရီးယားသည် သူမ ၏ ဒီဇိုင်နာ လုပ်ငန်း နှင့် ကိုယ်ဟန်ပြ လုပ်ငန်းများကြောင့် ခင်ပွန်းသည်ရှိရာ အီတလီ သို့ မလိုက်နိုင်သေး ဘဲ သား (၃) ဦး နှင့် အတူ အမေရိကန်တွင်သာ အခြေချ နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

.

LEAVE A REPLY

Please enter your comment!
Please enter your name here