အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး မျက်နှာတစ်ခုလုံး ခွဲစိတ်မှု ခံယူသူ အမျိုးသမီး

alt

အမေရိကန် ပြည်ထောင်စု ၏ ပထမဆုံး သော မျက်နှာတစ်ခုလုံး ခွဲစိတ်မှု ခံယူ ထားသူ အမျိုးသမီးသည် မေလ (၅) ရက်နေ့ က အများပြည်သူများ၏ ရှေ့ မှောက်သို့ ပထမဆုံးအကြိမ် ထွက်လာ ခဲ့ကြောင်း သိရှိရသည်။

ကလေး (၂) ယောက် ၏ မိခင်လည်း ဖြစ်သော အသက် (၄၆) နှစ် အရွယ် ကော်နီကပ် သည် လွန်ခဲ့သော (၅) နှစ်က ခင်ပွန်း ဖြစ်သူ သောမတ်၏ သေနတ်ဖြင့် ရက်ရက်စက်စက် ပစ်ခတ်မှုကြောင့် မျက်နှာတွင် အပေါက်ကြီး ဖြစ်သွားကာ ခွဲစိတ် ကုသမှုပေါင်း အကြိမ် (၃၀) မျှ ပြုလုပ် ခဲ့ရသည်။

သောမတ်သည် ကော်နီအား ပစ်ခတ် ပြီးနောက် ကိုယ့်ကိုကိုယ်လည်း သေကြောင်း ကြံခဲ့ သော်လည်း အသက်မသေ ခဲ့သလို မေးရိုးတွင် ထိခိုက်မိရုံသာရှိပြီး ကော်နီလောက် ဆိုးဆိုးရွားရွား မဖြစ်ခဲ့ပေ။ (၂၀၀၄) ခုနှစ်၊ စက်တင်ဘာလ က ဇနီးသည်အား သေနတ်နှင့် (၈) ပေအကွာ မှ ပစ်သတ်ခဲ့သူ သောမတ် အား တရားရုံးက ထောင်ဒဏ် (၇) နှစ် စီရင်ချမှတ် ခဲ့သည်။

ဦးခေါင်း အရှေ့ဘက်၊ အောက်နှုတ်ခမ်းသား၊ မျက်ခွံ၊ ပါးရိုးများ ကို ဆက်လက် ခွဲစိတ် အစားထိုး ရမည် ဖြစ်သော်လည်း လူကြားထဲ ထွက်နိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့ပြီဟု ကော်နီ အား ကုသ ပေးခဲ့သည့် ဒေါက်တာ ကေသီကော်မန်း က ပြောကြားလိုက်သည်။ ကေသီ အား ကုသ ပေးခဲ့သည့် ကလီဗာလန်း ဆေးရုံ က သူမ၏ မျက်နှာတစ်ခုလုံးကို အစားထိုး ပေးနိုင်ရန် အသုံးစရိတ် မှာ ပေါင်စတာလင် (၂) သိန်းကျော်မျှ ရှိကြောင်း ကြေညာခဲ့သည်။

ကမာ္ဘပေါ်တွင် ပထမဆုံး မျက်နှာအစားထိုး ကုသမှုကို (၂၀၀၅) ခုနှစ်က ပြင်သစ် နိုင်ငံတွင် အဇ်ဘယ်လာ ဒီနော်ရေး ဆိုသည့် အမျိုးသမီးအား ပြုလုပ်ပေးခဲ့ပြီး ဒီနော်ရေးမှာ သူမ မွေးထားသည့် ခွေး၏ ကိုက်ခဲမှုကြောင့် မျက်နှာတခုလုံး စုတ်ပြတ် သွားခဲ့သူ ဖြစ်သည်။

.

LEAVE A REPLY

Please enter your comment!
Please enter your name here