စပါးအသင်း နွေရာသီဈေးကွက် အတွက် ပြင်ဆင်

alt

တော့တင်ဟမ် ဟော့စပါး အသင်း နည်းပြ ဟယ်ရီရက်နပ် သည် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ပစ်မှတ် ထားခေါ်ယူမည့် ကစားသမား စာရင်းကို စတင် စီစဉ်နေပြီ ဖြစ်သည်။

လက်ရှိ အချိန်တွင် တန်းဆင်းဇုန် အတွင်း ရုန်းကန် နေရသည့် ဆန်းဒါးလန်း အသင်း နှင့် မစ်ဒယ်ဘရို အသင်း တို့မှ ကင်ဝိန်းဂျံုး နှင့် စတီးဝတ် ဒေါင်းနင်း တို့အား အသင်းသို့ ခေါ်ယူရန် ရက်နပ် က စီစဉ် ထားသည်။

အရည်အချင်း ရှိသည့် အဆိုပါ ကစားသမားများ ကို အဲဗာတန် နှင့် အက်စတွန် ဗီလာ တို့ကလည်း စိတ်ဝင်စားနေသဖြင့် ရက်နပ် မှာ ခက်ခက်ခဲခဲ ကြိုးပမ်း ရဖွယ်ရှိကြောင်း လေ့လာသူများ ကဆိုသည်။ သို့သော်လည်း ရက်နပ်က ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ ကာလ ကတည်းက ကြိုးပမ်း ခဲ့သည့် အဆိုပါ ကစားသမား နှစ်ဦး လုံးကို အသင်း သို့ ခေါ်ယူ သွားနိုင်မည် ဟု ယုံကြည် နေသည်။

ထိုနှစ်ဦးကို ခေါ်ယူလိုက်ပါက အသင်းအင်အားသည် အတောင့်တင်းဆုံး အခြေအနေ သို့ ရောက်ရှိလာပြီး ဥရောပအဆင့်ထိ တက်လှမ်း နိုင်မည်ဟု တော့တင်ဟမ် နည်းပြကြီး က Sky Sports သို့ ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here