ချဲလ်ဆီး ကစားသမား တို့၏ အပြုအမူအား စိတ်ပျက် ဟု ဒိုင်လူကြီး ဟောင်း ပြော

alt

အင်္ဂလန် နို်င်ငံ မှ ဒိုင်လူကြီးဟောင်း တစ်ဦး ဖြစ်သော ဂရေဟမ်ပူးလ် က ချဲလ်ဆီး အသင်း တိုက်စစ်မှူး ဒီဒီရာ ဒရော့ဘာ နှင့် ကွင်းလယ်လူ မိုက်ကယ် ဘောလက် တို့၏ အပြုအမူများ ကို စိတ်ပျက်မိကြောင်း ထုတ်ဖေါ်ပြောဆို လိုက်သည်။

မေလ (၆) ရက်နေ့ က ဘာစီလိုနာ အား (၁) ဂိုးစီ သရေကျပြီး ချန်ပီယံလိဂ် မှ ထွက်ခဲ့ရသော ဆီမီး ဖိုင်နယ် ပွဲစဉ်အတွင်း ချဲလ်ဆီး ဘောလုံးသမားများသည် ဒိုင် ဖြစ်သူ အား အကြိမ်ကြိမ် စောဒက တက်ပြီး ရန်လိုစွာ ပြုမူ ဆက်ဆံ ခဲ့ကြသဖြင့် ထို ပွဲတွင် အိမ်ကွင်း အားသာချက်ဖြင့် ချဲလ်ဆီး မှာ ပွဲအစ (၉) မိနစ်မှာပင် ဦးဆောင်ဂိုး သွင်းထား နိုင်ခဲ့သော်လည်း (၉၃) မိနစ်ကျ မှ ဘာစီလိုနာ အသင်းက ချေပဂိုး သွင်းသွားသဖြင့် အဝေးဂိုး စည်းမျဉ်းများအရ ပြိုင်ပွဲမှ ထွက်ခွာခဲ့ ရသည်။

ပွဲ အတွင်း ဒိုင်ဖြစ်သူ ဟန်နန် အိုဗီဒိုး ၏ ဆုံးဖြတ်ချက် များသည် အလွန်အမင်း မှားယွင်း ခဲ့သည့်တိုင် ဒရော့ဘာ နှင့် ဘောလက် တို့သည် ထိုသို့ မပြုမူသင့်ကြောင်း ပူးလ် က ဝေဖန် ခဲ့ထောက်ပြသည်။ အိုဗီဒိုး သည် ချဲလ်ဆီး အသင်း ပင်နယ်တီ ရနိုင်သည့် အခြေအနေ (၄) ခု ခန့် ကို မျက်ကွယ်ပြု ခဲ့သောကြောင့် ချဲလ်ဆီး အသင်းသားများ က မကျေနပ်ခဲ့ကြဘဲ ပြဿနာ ရှာခဲ့ကြခြင်း ဖြစ်သည်။

ချဲလ်ဆီး အသင်းသားများ မည်သို့ ခံစားရမည်ကို နားလည်သော်လည်း ယခု လုပ်ရပ်သည် မှန်ကန်သော တုန့်ပြန်မှု မဟုတ်ကြောင်း ပူးလ် က ဝေဖန်ထောက်ပြ သွားခဲ့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here