သက်ဆင်အား ထောက်ခံသည့် ရုပ်သံဌာန ပိတ်ပင်ထားမှု ရုတ်သိမ်းပေးရန် တောင်းဆို

alt

ထိုင်း အစိုးရအား ဆန့်ကျင် ဆန္ဒပြသူ တစုသည် ၀န်ကြီးချုပ်ဟောင်း သက်ဆင် အပေါ် အားပေး ထောက်ခံသည့် ရုပ်မြင်သံကြား ဌာနတခုအား အစိုးရက ပိတ်ပင်ထားမှုကို ပြန်လည် ရုတ်သိမ်း ပေးရန် မေလ (၅) ရက်နေ့တွင် ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

အာဏာရှင် စနစ်ကို ဆန့်ကျင်သော ဒီမိုကရေစီ ရှေ့တန်း အင်အားစုများ အဖွဲ့မှ ဦးဆောင်သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သူများက DTV ရုပ်မြင်သံကြား ဌာနကို နှစ်ပါတ်အတွင်း ပြန်ဖွင့်ပေးရန် တောင်းဆို ခဲ့ကြသည်။ ဘုရင်ရာမ ရုပ်တုအနီး အစိုးရ အိမ်တော်ရှေ့တွင် စုရုံး ဆန္ဒပြသူများသည် DTV ကို ပိတ်ဆို့ ထားမှုအား ရုတ်သိမ်းပေးရန် အပြင် အခြားသော ရေဒီယို အသံလွှင့်ဌာနများ ကိုပါ အမြန်ဆုံး ပြန်ဖွင့်ပေးရေး စုရုံးဆန္ဒပြ ခဲ့ကြသည်။

DTV ရုပ်မြင်သံကြား ဌာနကို ဘန်ကောက်မြို့တော် အတွင်း အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည့် ဧပြီလ (၁၃) ရက်နေ့ကတည်းက အစိုးရက ပိတ်ခိုင်းထားခြင်း ဖြစ်ပြီး ထိုဌာနကို ပြန်လည် ဖွင့်လှစ်ပေးရေး တောင်းဆို သူများအား ရဲ နှင့် စစ်သား (၅၀၀) ကျော်တို့က စောင့်ကြည့်နေခဲ့ပြီး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ ပါက လူစုခွဲရန် မီးသတ်ကား တစင်းပါ အစိုးရ အိမ်တော်အနီးတွင် အသင့်စောင့် နေခဲ့ကြောင်း ထိုင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here