နာဆာ ကွန်ယက်အတွင်း ထိုးဖောက် ဝင်ရောက်ခဲ့သူအား တရားစွဲ

alt

မေလ (၅) ရက်နေ့က အသက် (၂၁) နှစ်အရွယ် ဆွီဒင် လူငယ်တဦး အား NASA ကွန်ယက်အတွင်းသို့ ကျူးကျော် Hack လုပ်မှုဖြင့် တရားရုံး မှ စွဲချက် တင်ခဲ့ကြောင်း သိရှိရသည်။

Stakkato ဟု လူသိများသော ဆွီဒင် နိုင်ငံသား ဖိလစ်ဂါ ဘရီယယ် ပက်တာဆန် သည် NASA ၏ ထိပ်တန်း လျှို့ဝှက်ချက်များ ကို ခိုးယူရန် ကြံစည် ခဲ့ကြောင်း အမေရိကန် တရားရေး ဌာနက ကြေညာလိုက်သည်။

ပက်တာဆန် သည် (၂၀၀၄) ခုနှစ်၊ မေလ အတွင်းက ကယ်လီဖိုးနီးယား အခြေစိုက် ဆန်ဂျို Network စနစ်ကို အသုံးပြုပြီး NASA ၏ ကွန်ယက်အတွင်း ထိုးဖောက် ၀င်ရောက်ကာ OS Code ကို ခိုးယူခဲ့ကြောင်း စွပ်စွဲ ခံထားရသည်။ ၎င်းသည် ထို နှစ်အတွင်း မေလ နှင့် အောက်တိုဘာလ များတွင်လည်း NASA ၏ သုတေသန စင်တာ နှင့် NASA စူပါ ကွန်ပျူတာ ဌာနခွဲတို့ အားထိုသို့ ထိုးဖောက်ကာ Hack လုပ်ခဲ့ကြောင်း တရားရုံးက စွဲချက်တင် ဆိုထားသည်။

တရားရေး ဌာနသည် ပက်တာဆန် အား မည်သည့်နေရာတွင် ထားရှိကြောင်း ပြောဆိုမှု မရှိ ခဲ့သော်လည်း ဆွီဒင်အစိုးရ နှင့် လက်တွဲ ဆောင်ရွက်သွားမည်ဟု ထုတ်ဖော် ပြောကြား ထားခဲ့သည်။

ပက်တာဆန် အနေ နှင့် ပြစ်မှု ထင်ရှားကြောင်း တွေ့ရှိခဲ့ပါက ထောင်ဒါဏ်(၁၀) နှစ် နှင့် ဒါဏ်ငွေ ဒေါ်လာ (၂၅၀၀၀၀) ခန့်အထိ ကျခံ ရဖွယ် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here