ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ရာထူး အတွက် ပီရက်စ် မဲဆွယ်

alt

မိမိသာ ရီးရဲလ် မက်ဒရစ် ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါက ခရစ်စတီယာနို ရော်နာဒို၊ ဆက်ဖာဘရီဂက်စ် နှင့် ဇာဘီအလွန်ဆို တို့အား ခေါ်ယူပေးသွားမည် ဟု ဖလော်ရန်တီနို ပီရက်စ်က မဲဆွယ် ပြောကြား ခဲ့သည်။

ရီးရဲလ်၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ကမာ္ဘကျော် ဘောလုံးသမား များစွာကို ဘာနေဗြူး ကွင်းကြီးဆီသို့ ခေါ်ယူပေးခဲ့ ဖူးသည့် ပီရက်စ်၏ စကားသည် အဆိုပါ ကစားသမားများ အား ပိုင်ဆိုင်ထားသည့် မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ် နှင့် လီဗာပူးအသင်းများ အား တပ်လှန့်သကဲ့သို့ ဖြစ်သွားသည်။ အဆိုပါ ထိပ်တန်း ဘောလုံးသမား (၃) ဦးလုံးသည် လက်ရှိ အချိန်တွင် အသင်းများမှ ထွက်ခွာလိုသော ဆန္ဒ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိသဖြင့် ပီရက်စ်က မဲဆွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ၎င်း အနေနှင့် ပြောစကားအတိုင်း ကမာ္ဘကျော် ဘောလုံးသမားများ ကို မရ ရအောင် ခေါ်ယူ ပေးနိုင်ခဲ့သည့် သာဓကများလည်း ယခင် ကတည်းက ရှိခဲ့ဖူးရာ ရီးရဲလ် ပရိသတ်များ က ပီရက်စ်၏ စကားအပေါ်  စိတ်ဝင်စား နေကြသည်။

ပီရက်စ် နှင့် အရွေးခံ ပြိုင်ဘက် အီဒွာဒိုဂါဆီယာ ကလည်း ၎င်းသာ ဥက္ကဋ္ဌ ဖြစ်လာမည် ဆိုလျှင် ချဲလ်ဆီး တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာကို ရအောင် ခေါ်ပေးမည်ဟု ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here