နီပေါလ် ဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

alt

နီပေါလ် နိုင်ငံဝန်ကြီးချုပ် ပရာချန်ဒါ သည် မေလ (၄) ရက်နေ့ ညနေပိုင်းက ရာထူးမှ နှုတ်ထွက် သွားပြီဟု နီပေါလ် အစိုးရက ကြေညာလိုက်သည်။

နီပေါလ်နိုင်ငံ သမတ ရမ်ဘာရန် ယာဒက် က ၀န်ကြီးချုပ်၏ နှုတ်ထွက်စာကို လက်ခံ ခဲ့ပြီး ၀န်ကြီးချုပ်၏ ဆုံးဖြတ်ချက်ကို လေးစားပါကြောင်း ပြောကြားလိုက်သည်။

သတင်းများ၏ အဆိုအရ ယခုကဲ့သို့ ၀န်ကြီးချုပ် ပရာချန်ဒါ နှုတ်ထွက်ခြင်းသည် သမတနှင့် ကြီးကြီးမားမား သဘောထား ကွဲလွဲမှုများ ရှိနေ သဖြင့်ဟု သိရှိရပြီး ၎င်းသည် နှုတ်ထွက်စာကို ခတ္တမန္ဒူ မြို့တော်ရှိ သမတ ရုံးခန်းသို့ တိုက်ရိုက် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

နီပေါလ် ကွန်မြူနစ် ပါတီ၏ အကြီးအကဲလည်း ဖြစ်သည့် ပရာချန်ဒါသည် အစိုးရ အဖွဲ့တွင် အားနည်းချက်များ ရှိနေကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့သူလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here