စိတ်ဖြင့် ခိုင်းစေနိုင်သည့် Wheel Chair တီထွင်နိုင်ပြီ

alt

စိတ်ဖြင့် စေခိုင်းနိုင်သော Wheel Chair တမျိုး ကို ပညာရှင်တစ်ဦးက တီထွင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

စပိန် နိုင်ငံ၊ ဇာရာဂိုဇား တက္ကသိုလ် မှ ဒေါက်တာ ဟာဗီးယား မန်းဂက်စ် သည် ထို ကုလားထိုင်အား Remote Control ဖြင့် ထိန်းချုပ်နိုင်သည့် Wheel Chair များ ကိုပင် အသုံးမပြုနိုင် လောက်အောင် ကျန်းမာရေး ချွတ်ယွင်း နေသည့် မသန်စွမ်း လူနာများအတွက် ရည်ရွယ် ထားကြောင်း သိရှိရသည်။

Wheel Chair တွင် တပ်ဆင်ထားသည့် Laser Scanner သည် 3D ၃ဖက်မြင်ကွင်း ရုပ်ကြွများဖြင့် ပတ်ဝန်းကျင် အခြေအနေများ အားလုံးကို ဖမ်းယူ မှတ်သားထားပြီး ထို အရာဝတ္ထုများ ဆီသို့ လူ့ဦးနှောက်က သွားရောက် လိုကြောင်း စဉ်းစားလိုက်သည်နှင့် ထိုနေရာသို့ ရွေ့လျားသွားမည် ဖြစ်သည်။ ထို့အတွက် Wheel Chair ပေါ်ထိုင်မည့် လူနာ၏ ဦးခေါင်းကို အာရုံခံ ကိရိယာဖြင့် ချိတ်ဆက်ထားပြီး စိတ် အတွေးတွင် ပေါ်ပေါက် လာသည့်အတိုင်း Wheel Chair ကို ရွေ့လျား ထိန်းချုပ်ထားနိုင်မည် ဖြစ်သည်။

ဒေါက်တာ ဟာဗီးယား က စမ်းသပ်မှု ရလဒ်များ အားလုံးကို ကျေနပ်လျက် ရှိပြီး မကြာမီ အာရုံခံ Wheel Chair များကို စီးပွားဖြစ် ထုတ်လုပ် သွားနိုင်မည်ဟု ယုံကြည်လျှက် ရှိနေကြသည်။

.

LEAVE A REPLY

Please enter your comment!
Please enter your name here