အာဆင်နယ်မှာ ကလေးအသင်းမျှသာဟု မန်ယူ နောက်တန်းသမား အဲဗရာ ပြော

alt

မန်ချက်စတာ ယူနိုက်တက် နှင့် ယှဉ်ပြိုင် ကစားသွားသည့် အာဆင်နယ် အသင်း သည် ကလေးအသင်း မျှသာ ဖြစ်ကြောင်း မန်ချက်စတာ နောက်တန်း သမား ပက်ထရစ် အဲဗရာ က ပြောကြားလိုက် သည်။

မေလ (၅) ရက် နေ့ က ယှဉ်ပြိုင် ခဲ့သည့် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် တွင် အာဆင်နယ် သည် အိမ်ကွင်း မှာပင် မန်ချက်စတာ အား (၃-၁) နှင့် အရေးနိမ့် ခဲ့ခြင်း ကို ရည်ညွှန်း ပြီး အဲဗရာ က ယခုလို ပြောဆို လိုက်ခြင်း ဖြစ်သည်။

၎င်းတို့ အနေနှင့် အလွန်အားကောင်းသော ပြိုင်ဘက် တသင်းကို မျှော်လင့် ထိတ်လန့်ခဲ့သော်လည်း အမှန်တကယ် ကြံုခဲ့ရသည်မှာ လူကြီး (၁၁) ယောက်နှင့် ကလေး (၁၁) ယောက်တို့ မမျှတစွာ ယှဉ်ပြိုင်ခဲ့သော ပွဲတစ်ပွဲသာ ဖြစ်ခဲ့ကြောင်း အဲဗရာ က ဆိုသည်။

၎င်းက အာဆင်နယ် နည်းပြ အာစင်ဝင်ဂါး တည်ထောင်ထားသည့် အသင်းသည် လူငယ်လေးများ ကို အခြေပြု တည်ဆောက် ထားသော်လည်း ဥရောပ အတွေ့အကြံုပိုင်း တွင် အလွန်နည်းပါး နေသေးကြောင်း ထိုပွဲ က သက်သေပြခဲ့သည် ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

.

LEAVE A REPLY

Please enter your comment!
Please enter your name here