မက်ဒေါနား၏ ကလေးမွေးစားခွင့် အယူခံ ကြားနာရန် ရက်ရွှေ့ဆိုင်း

alt

မက်ဒေါနား ၏ မာလဝီ ခလေးငယ် မွေးစားခွင့် အတွက် ဒုတိယ အကြိမ် တရားရုံး ကြားနာမှုကို ရွှေ့ဆိုင်းပေးပါရန် မာလဝီ တရားရုံးက သဘောတူညီ လိုက်သည်။

အသက် (၅၀) အရွယ် ကမာ္ဘကျော် Pop အဆိုတော် သည် မေလ (၄) ရက်နေ့က ပြုလုပ်ခဲ့သည့် မာလဝီနိုင်ငံ တရားရုံး ကြားနာမှုသို့ မတက်ရောက်နိုင်ခဲ့ဘဲ သူမ ၏ ရှေ့နေက တရားသူကြီး အား ပြင်ဆင်ချိန် မလုံလောက် သေးသဖြင့် အချိန်ရွှေ့ဆိုင်း ပေးပါရန် ပန်ကြားမှုအား ရုံးတော်က လက်ခံခဲ့ခြင်း ဖြစ်သည်။

(၃) နှစ် အရွယ်သမီးလေး မာစီဂျိမ်း အား မွေးစားခွင့်ရရန် ဧပြီလအတွင်းက မအောင်မြင်သော လျှောက်ထားမှု ပယ်ချ ခံခဲ့ရပြီးနောက် မက်ဒေါနား သည် ဒုတိယအကြိမ် ထပ်မံ အခွင့်အရေး ရရှိလာသော်လည်း လက်ရှိ အနေအထားအရ မာလဝီ စည်းမျဉ်းများအတိုင်း ပြီးပြည့်စုံ ကိုက်ညီရန် လိုအပ်ချက်များ ရှိနေသေးသဖြင့် မက်ဒေါနား၏ ရှေ့နေ အလန်ချင်နူလာ က အသနားခံခဲ့ခြင်း ဖြစ်သည်။

မာလဝီ တရားသူကြီးချုပ် လက်မောမွန်လို ကိုယ်တိုင် ကြားနာခဲ့သော ဒုတိယအကြိမ် လျှောက်ထားမှု ၏ ရလဒ်ကို ကမာ္ဘတဝှမ်းက စိတ်ဝင်စား ခဲ့သော်လည်း တရားခွင်တွင် မိနစ် (၃၀) မျှ ကြားနာ ပြီးနောက် ရက်ချိန်း ထပ်မံရွှေ့ဆိုင်းရန် တရားရုံး က ဆုံးဖြတ် လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here