ကမ္ဘာမြေပြင်အထက် ပေပေါင်းများစွာ အကွာတွင် မင်္ဂလာပွဲကျင်းပ မည်

alt

မိန်းကလေးများ အတွက် လက်ထပ် မင်္ဂလာသည် အိပ်မက်ဆန် သော အခမ်းအနား တခု၊ ဘဝ၏ ဂုဏ်ယူစရာ ပြယုဂ်တခု ဖြစ်စေချင်သည်မှာ မထူးဆန်း လှပေ။

မိမိ၏ မင်္ဂလာ လက်ထပ်ပွဲကို သူများ တကာထက် ခမ်းခမ်းနားနား မြင့်မြင့် မားမား ပြုလုပ်လိုသည့် မိန်းကလေးများ သည် ကမာ္ဘမြေ မျက်နှာပြင် အထက် ပေ (၃၀၀၀၀) တွင် မင်္ဂလာဧည့်ခံပွဲ ကျင်းပ နိုင်မည့် အခွင့်အရေး ကို EasyJet လေကြောင်းလိုင်းက ဖန်တီး ပေးလိုက် သည်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် အဆိုပါ လေကြောင်းလိုင်းသည် လက်ထပ်ပွဲများ ကျင်းပ နိုင်ရေး လေယာဉ် တစ်စင်းလုံး ငှားသည့် ၀န်ဆောင်မှုကို ဆောင်ရွက် ပေးတော့မည်ဟု သိ ရသည်။ လန်ဒန်မြို့ ရှိ လူတန် လေဆိပ် အခြေစိုက် ဌာနခွဲမှ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်တစ်ဦး က လေကြောင်း ခရီးစဉ်အတွင်း လက်ထပ်ပွဲများ ဆင်ယင်နွှဲပျော်နိုင်အောင် ဆောင်ရွက် ပေးမည် ဆိုသည့် သတင်းအား အတည်ပြုခဲ့သည်။ လေထဲ မှ လက်ထပ်ပွဲအတွက် ၀န်ဆောင်မှု ပေးရခြင်း အပေါ်အလွန် စိတ်လှုပ်ရှားမိကြောင်း ဗြိတိန်ဆိုင်ရာ easyJet ၏ ဒေသခံ အရာရှိ ပေါလ်ဆိုင်မွန် က ဆိုသည်။ 

သို့သော်လည်း အသေးစိတ် အစီအစဉ်များ ကို လေကြောင်းလိုင်းအား စုံစမ်း မေးမြန်းမှုများ နှင့် ကြိုတင် စာရင်းသွင်းမှုများကို လေ့လာ ပြီးမှသာ မည်သည့် နေ့တွင်စပြီး စီမံကိန်း စတင်မည် ကို ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း လေကြောင်းလိုင်း က ကြေညာထားသည်။

.

LEAVE A REPLY

Please enter your comment!
Please enter your name here