ကိတ်မော့စ်၏ ကိုယ်ရေး အထုပ္ပတ္တိ စာအုပ် ထုတ်ဝေရန် ပြင်ဆင်

alt

နာမည်ကျော် မော်ဒယ်လ် ကိတ်မော့စ် က ကိုယ်တိုင်ရေး အထုပ္ပတ္တိ စာအုပ်တအုပ် ပြုစု နေကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။

အသက် (၃၅) နှစ်အရွယ် မော့စ် ၏ စာအုပ် ကို ထုတ်ဝေပေးရန် အတွက် ဗြိတိန် စီးပွားရေး လုပ်ငန်းရှင် ရစ်ချတ် ဘရန်ဆန် က တာဝန် ယူထားကြောင်းလည်း သူမ က ၀န်ခံခဲ့သည်။ ထို စာအုပ်အတွင်း မော့စ် ၏ ဘဝကို အတွင်းကျကျ သိရှိခံစား နိုင်မည်ဟု ဘရန်ဆန် က ပြောဆို ခဲ့သော်လည်း မည်သည့် နေ့တွင် စာအုပ် ထွက်လာမည်ကို အတိအကျ ပြောဆိုရန် ငြင်းပယ်ခဲ့သည်။

ဘရန်ဆန်က ကိတ်မော့စ် ၏ ကိုယ်တိုင်ရေး စာအုပ်သည် သူမ ကိုချစ်ခင်သည့် ပရိသတ်များ အတွက် စိတ်လှုပ်ရှားစရာ ဖြစ်စေလိမ့်မည် ဟု ဆိုသည်။ ထို စာအုပ်အတွက် ကိတ်မော့စ် သည် ပေါင် (၁) သန်း ရရှိကြောင်း သတင်းများက ဖော်ပြ ခဲ့ကြသည်။

အသက် (၅၆) နှစ်ရှိ ဘရန်ဆန် သည် ကိတ်မော့စ် (၁၅) နှစ် သမီး ကတည်းက သူမ နှင့် တွေ့ဆုံ သိကျွမ်းခဲ့ခြင်း ဖြစ်ပြီး ကိတ်မော့စ် တယောက် ပါတီပွဲတခုတွင် ကိုကင်း ရှူနေသည့် ဓာတ်ပုံ အရိုက် ခံခဲ့ပြီးသည့် နောက်ပိုင်း ပထမဆုံး အကြိမ် အလုပ်တခုအတွက် ပြန်လည်ကမ်းလှမ်း ခဲ့သည့် ပုဂ္ဂိုလ် ဖြစ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here