ဆီချွမ်ငလျင်ဖြစ်ရပ် သေဆုံး၊ ပျောက်ဆုံးနေသူ ကျောင်းသားဦးရေ ကြေညာ

alt

ယမန်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီး အတွင်း သေဆုံးသွားခြင်း၊ သို့မဟုတ် ယခုတိုင် ရှာမတွေ့ခြင်း စသည့် အခြေအနေမျိုး ကြံုတွေ့ သွားရှာသူ ကျောင်းသား ဦးရေမှာ (၅၃၃၅) ဦး အထိရှိကြောင်း တရုတ် အစိုးရက မေလ (၇) ရက် နေ့တွင် ကြေညာခဲ့သည်။

ယမန်နှစ် မေလ (၁၂) ရက် နေ့က လှုပ်ရှား သွားသည့် ဆီချွမ် ငလျင်အတွင်း သေဆုံး သူဦးရေ (၆၈၇၁၂) ဦး ရှိပြီး (၁၈၀၀၀) ခန့်မှာ ယခုတိုင် ပျောက်ဆုံး နေဆဲဖြစ်သည်။ ထို ငလျင်ကြီးအတွင်း ကျောင်းပေါင်း များစွာ ပြိုကျခဲ့သလို ကျောင်းသူ ကျောင်းသား အမြောက်အမြားလည်း သေကြေခဲ့  ရရှာကြောင်း ဆီချွမ် အုပ်ချုပ်ရေးမှူး ဟွမ်မင်ကွမ်က ပြောကြားလိုက်သည်။

ခရိုင်မြို့တော် ချန်ဒူတွင် ပြုလုပ် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲအတွင်း ဟွမ်က ပြင်းအား (၇.၉) အဆင့်ရှိ ငလျင်ကြီး လှုပ်ရှားသွားသည့် နှစ်ပတ်လည် နေ့မှာ မကြာမီ ကျရောက် တော့မည် ဖြစ်ကြောင်း၊ ငလျင်ကြီး အတွင်း ကျောင်းသူ၊ကျောင်းသား များစွာ သေဆုံးခဲ့သည့် အတွက် အလွန်ကြေကွဲ နေမိကြောင်း ပြောဆိုခဲ့သည်။

ငလျင်ကြောင့် ကျောင်းနှင့် စာသင်ခန်း အရေအတွက် ထောင်နှင့် ချီမျှ ပျက်စီးပြိုကျခဲ့ပြီး တနှစ်နီးပါး ကြာမြင့်လာချိန်ထိ ထိုကျောင်းများ အားလုံးကို ပြန်လည် ထူထောင်နိုင်ခြင်း မရှိ သေးသည့် အတွက် တရုတ် အစိုးရမှာလည်း ဝေဖန်မှုများ ကြံုနေရသည်။

ထို့အပြင် တရုတ် အစိုးရ၏ ငလျင်နောက်ပိုင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများအပေါ် မကျေနပ်မှု အတွက် ကျောင်းသား မိဘများက ဆန္ဒပြခဲ့မှု အတွက်လည်း ကိုယ်ချင်း စာမိပါကြောင်း ဟွမ် က ပြောဆိုသွားသည်။

.

LEAVE A REPLY

Please enter your comment!
Please enter your name here