မိခင် ဖြစ်သူ ၏ ရည်းစား နှင့် ဂျိုလီဖောက် ပြန်ခဲ့ ဟုဆို

alt

အိန်ဂျလီနာ ဂျိုလီ သည် ငယ်စဉ်က သူမ မိခင်၏ ချစ်သူတစ်ဦးနှင့် ဖောက်ပြန် ခဲ့ကြောင်း နာမည်ကြီး မဂ္ဂဇင်း တစ်စောင် က ရေးသားဖော်ပြ လိုက်သည်။

ဘရတ်ပစ် နှင့် ကလေး (၆) ဦး ရနေပြီ ဖြစ်သည့် မင်းသမီးသည် ဆယ်ကျော် သက် အရွယ်က မိခင် ဖြစ်သူ၏ ချစ်သူများ အနက်မှ တစ်ဦးနှင့် အတူ အိပ်ခဲ့သည်ဟု Star မဂ္ဂဇင်း က တိတိကျကျ ဖော်ပြ ထားသည်။

ယုံကြည်စိတ်ချ ရလောက်သော သတင်းရင်းမြစ် တစ်ခု၏ ဖော်ပြမှုအရ ထို ကိစ္စအတွက် အမည်မသိ အဆိုပါ ပုဂ္ဂိုလ်နှင့် ဂျိုလီ၏အမေ မာချီလင် ဘက်ထရန်တို့ အကြီးအကျယ် စကားများ ရန်ဖြစ်ခဲ့သည်ဟု Star မဂ္ဂဇင်းက အတိအလင်း ရေးသား ခဲ့သည်။

ဖြစ်ပုံမှာ ဂျိုလီ ဖက်မှ အနှီပုဂ္ဂ်ိုလ်အား စတင် မြှူဆွယ် ခဲ့ပြီးနောက် ခြေလွန်လက်လွန် ဖြစ်ကုန် ကြကြောင်း၊ ထို အကြောင်းကို မာချီလင် သိသွားသောအခါ အလွန် စိတ်ဆိုးပြီး ထိုသူနှင့် ပဋိပက္ခ ဖြစ်ခဲ့ကြောင်း ဖြင့် မဂ္ဂဇင်း အတွင်း ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်။

မာချီလင် သည် (၂၀၀၇) ခုနှစ် အတွင်းက ကင်ဆာ ရောဂါဖြင့် ကွယ်လွန် သွားခဲ့ပြီ ဖြစ်သည်။ ယခု သတင်းအတွက် ဂျိုလီ ဖက်မှ တုန့်ပြန် ဖြေရှင်းခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။

.

LEAVE A REPLY

Please enter your comment!
Please enter your name here