တူရကီနိုင်ငံ၌ အကြမ်းဖက် ပစ်ခတ်မှုဖြစ်ပွား

alt

မျက်နှာဖုံးစွပ် သေနတ်သမားများ က တူရကီနိုင်ငံ အရှေ့ တောင်ပိုင်းရှိ မင်္ဂလာဆောင် တခုသို့ ၀င်ရောက် ပစ်ခတ်ရာ သတို့သား၊ သတို့သမီး အပါအဝင် လူ (၄၄) ဦး သေဆုံးပြီး (၆) ဦးမှာ ဒါဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အော်တိုမက်တစ် သေနတ်များ ဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့သည့် အဆိုပါ ဖြစ်ရပ် အတွင်း လူ (၂) ဦးမှာ အလောင်းများကြား ပုန်းအောင်းကာ သေနတ်သမားများ လက်မှ လွတ်မြောက်ခဲ့သည်။ ပြည်ထဲရေး ၀န်ကြီး ဘာဆီအက်တလေ က မေလ (၅) ရက် နေ့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှု အတွက် သံသယ ရှိသူ (၈) ဦး ကို လုံခြံုရေး တပ်ဖွဲ့များ က ဖမ်းဆီး ထိန်းသိမ်း ထားလိုက်ကြောင်း ပြောကြားခဲ့သည်။

တူရကီ နိုင်ငံအတွင်းရှိ ညှိနှိုင်းရေး ပါတီဝင် မိသားစုများ ၏ မင်္ဂလာပွဲ အား ယခုကဲ့သို့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်ခဲ့မှုသည် ဆန့်ကျင်ဘက် နိုင်ငံရေး အဖွဲ့များ၏ လက်ချက် ဖြစ်နိုင်ကြောင်း ရဲဌာန က ယူဆ ထားသည်။ သေဆုံးသူများ ထဲတွင် ကလေးငယ် (၆) ယောက် လည်း ပါ၀င်ခဲ့ကြောင်း အက်တလေ က ဆိုသည်။

ထို မင်္ဂလာပွဲသည် နိုင်ငံအတွင်းရှိ ဩဇာ ကြီးမားသော ရွာသူကြီးဟောင်း တစ်ဦး ဖြစ်သည့် ကာမီကီလီဘီ ၏ သမီး ဆက်ဂီကီလီဘီ နှင့် သတို့သား ဟာဘစ်အာရီ တို့၏ ဧည့်ခံပွဲ ဖြစ်ပြီး သတို့သား၊ သတို့သမီး နှင့် အခြား ဆွေမျိုးများပါ ဒါဏ်ရာ ရရှိခဲ့သည်။

ရွာသူကြီးဟောင်းမှာ ဒါဏ်ရာများ ရရှိခဲ့ပြီးနောက် သေနတ်သမားများသည် မင်္ဂလာပွဲ မှ အလျင်စလို ထွက်ခွာ သွားကြောင်း ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here