တာလီဘန် တို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ပါကစ္စတန် အစိုးရအား အိုဘားမား တိုက်တွန်း

alt

အမေရိကန် နိုင်ငံ သမတ ဘာရက် အိုဘားမားက ၎င်းအနေနှင့် ပါကစ္စတန် နိုင်ငံ အစိုးရသည် တာလီဘန် အကြမ်းဖက် သမားများကို ပြင်းပြင်း ထန်ထန် တိုက်ခိုက် သွားသည်ကို လိုလားကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။

အိုဘားမားက အာဖဂန် နစ္စတန် နှင့် ပါကစ္စတန် နိုင်ငံ နယ်စပ်အနီး တစထက် တစ အင်အား ကောင်းလာနေသည့် တာလီဘန် တို့အား ပါကစ္စတန် အစိုးရက နှိမ်နင်းသွားရန် ဖိအားပေးဖို့ အသင့်ရှိသည်ဟု ဆိုသည်။

မေလ(၆) ရက်နေ့က ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော အစည်းအဝေး အတွင်း အိုဘားမားက ပါကစ္စတန် သမတ အာရှက်(ဖ်) အလီ ဇန်ဒါရီအား တာလီဘန် တို့ကို နှိမ်နင်းရေး အတွက် ပိုမို အားထည့်ပါရန် တောင်းဆိုခဲ့သည်။တာလီဘန်တို့သည် ပါကစ္စတန်မြို့တော် အစ္စလမ်မာဘတ် အထိ ထိုးဖောက်လာနိုင်ရန် ခြိမ်းခြောက် တိုက်စစ်ဆင်ခဲ့မှု အတွက် အမေရိကန် ပြည်ထောင်စုက စိုးရိမ်မိကြောင်း အိုဘားမားက ဆိုသည်။

အထူးသဖြင့် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထားသည့် ပါကစ္စတန် အစိုးရ၏ အချုပ်အခြာအာဏာ တာလီဘန်တို့ လက်တွင်း ကျဆင်းသွားမည်ကို အမေရိကန်က ထိတ်လန့်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here