ဆွီဒင် အစိုးရပိုင် ဆေးဝါး စက်ရုံများ ရောင်းချသွားမည်

alt

ဆွီဒင် အစိုးရသည် ဆေးဝါး ထုတ်လုပ်မှု လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှုများ မပြုလုပ်တော့ရန် စီစဉ်လျှက်ရှိပြီး နိုင်ငံပိုင် ဆေးဆိုင်နှင့် ဆေးဝါး စက်ရုံ များကို ရောင်းချသွားရန် ပြင်ဆင်လျှက် ရှိကြောင်း သိရသည်။

မေလ (၅) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစိုးရ ကြေညာချက်အရ ဆေးဝါး လုပ်ငန်းကြီး (၆၁၆)ခုကို ရောင်းချသွားမည်ဟု ဖော်ပြပါရှိသည်။

ဆွီဒင်အစိုးရသည် အပိုတီကက် ဆေးဝါးလုပ်ငန်းကို ပိုင်ဆိုင်ထားပြီး ထိုလုပ်ငန်းမှ ဆေးဆိုင်ကြီး (၄၆၆)ခုနှင့် လက်ခွဲဆိုင် (၉၄၆)ခု တို့ကိုလည်း ရောင်းချသွားမည်ဟု ဆိုသည်။

အပိုတီကက် ကုမ္မဏီက ထိုရောင်းချမှုသည် ဆွီဒင်နိုင်ငံသားများ သာမက ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များကိုပါ ဆွဲဆောင် သွားနိုင်ဖွယ်ရှိကြောင်း မှတ်ချက်ပြုထားသည်။

ဆွီဒင် အစိုးရသည် ဇူလိုင်လ မတိုင်မီ အပိုတီကက်ကို အပြီးသတ် ရောင်းချသွားနိုင်ရန် မျှော်လင့်နေပြီး ထိုလုပ်ရပ်သည် အစိုးရက ချုပ်ကိုင်ထားသော စီးပွားရေး လုပ်ငန်းများ လျှော့ပေါ့သွားရေး ပေါ်လစီ၏ တစိတ် တဒေသဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here