ကိုးနှစ်အရွယ် မိန်းခလေးငယ်အား မယားအဖြစ်မှ စွန့်လွှတ်

alt

အသက် (၉) နှစ်အရွယ် မိန်းခလေး တဦးအား အသက် (၅၀) အရွယ် အမျိုးသားကြီး တစ်ဦးက မယားအဖြစ်မှ စွန့်လွှတ် ကွာရှင်းခဲ့ကြောင်း သတင်း ရရှိသည်။

ဆော်ဒီလူမျိုး မိန်းခလေးငယ် သည် ဖခင်ဖြစ် သူက အကြွေးမဆပ် နိုင်သဖြင့် သူငယ်ချင်း တဦးထံ ပေးအပ်ခြင်း ခံခဲ့ ရသူလေးဖြစ်ပြီး ထိုသူက မယား အဖြစ် ပေါင်းသင်းခဲ့ပြီး မှ ယခုလို စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။

ထိုလုပ်ရပ် အတွက် ဆော်ဒီအာရေဗျ လူ့အခွင့်အရေး ဆောင်ရွက်မှုများ အပေါ် နိုင်ငံတကာ က ဖိအားပေး ဝေဖန်နေမှုများ ကြီးမားလာခဲ့သည်။ ဆော်ဒီနိုင်ငံ အတွင်း အမျိုးသမီး စောင့်ရှောက်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်လျှက် ရှိသည့်  အယ်ဟူအေဒါ က ကလေးများ အား လက်ထပ် ထိမ်းမြားမှုကို ဥပဒေဖြင့် တားမြစ် ပိတ်ပင်သင့်ကြောင်း တောင်းဆို လိုက်သည်။

ယခု မိန်းခလေး သည် ယမန်နှစ် အတွင်း သူမအသက် (၈) နှစ် အရွယ်တွင် လက်ထပ်ခဲ့ရခြင်း ဖြစ်ပြီး ထိုစဉ်က သူမ၏ မိခင်က တရားရုံးတော်တွင် ကန့်ကွက်ခဲ့သေး သော်လည်း အရာမထင် ခဲ့ပေ။

သို့သော်လည်း ယခု ကိစ္စကြောင့် ဆော်ဒီ အစိုးရအနေနှင့် အမျိုးသမီးတဦး အား လက်ထပ် ခွင့်ပြုမည့် အသက်အရွယ်ကို ကန့်သတ်သင့်ပြီ ဟူသော ဝေဖန်မှုများ နှင့် ကြံုနေရပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here