ရွှေ့ပြောင်း အလုပ်သမားများ ထံမှ HIV ကူးစက်မှု ဟန့်တားရေး စတင်ဆောင်ရွက်

alt

ရွှေ့ပြောင်း အလုပ်သမား များထံမှ HIV ကူးစက်မှုကို ဟန့်တား နိုင်ရေးအတွက် မြန်မာ အစိုးရက စီမံကိန်းများ စတင်ဆောင်ရွက် နေပြီဖြစ်သည်။

နယ်စပ်ဒေသ ကုန်စည် ကူးသန်းရေး မြို့များဖြစ်သည့် တာချီလိတ် နှင့် မူဆယ်မြို့ များတွင် မြန်မာ့ကျန်းမာရေး ၀န်ထမ်းများနှင့် NGO များဖြစ်သော MANA၊ UNFPA တို့ ပူးပေါင်းကာ ကျန်းမာရေး ပညာပေးမှုများ ပြုလုပ်လျှက်ရှိပြီး HIV ပြန့်ပွားမှုကို တားမြစ်နိုင်ရန် အရေးပေး ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ကျန်းမာရေး ဆိုင်ရာအာဏာပိုင် များသည် HIV ဆိုင်ရာ ကျန်းမာရေး ပို့ချမှုများ အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် (၂၀၀၈) ခုနှစ်ကတည်းက Camp များဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။ ထိုလုပ်ငန်းများကို ယခုအခါ ရှမ်းပြည် မြောက်ပိုင်း မူဆယ်အထိ ဖြန့်ကျက် ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများက ကြေညာခဲ့သည်။

MANA က တာချီလိတ်မြို့ သည်လည်း ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ၀င်ထွက်မှု အများဆုံး မြို့တစ်မြို့  ဖြစ်နေသဖြင့် စီမံကိန်းတွင် ထည့်သွင်း ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (၂၀၀၈) ခုနှစ် စစ်တမ်းများအရ မြန်မာနိုင်ငံ အရှေ့ဘက်နှင့် မြောက်ဘက်ပိုင်း ဒေသများတွင် HIV ပိုးရှိသူ (၂၁၉၀) မျှရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here