မက်ဆီသည် စီရော်နယ်လ်ဒိုကဲ့သို့ စွမ်းဆောင်မှုများ လိုအပ်နေကြောင်း ဝေဖန်ပြောကြား

alt

ကမာ္ဘ့ အကောင်းဆုံး ဘောလုံး သမားဆုကို ရရှိ လိမ့်မည်ဟု ရေပန်း စားနေသော လီယွန်နယ် မက်ဆီသည် ခရစ်စတီယာနို ရော်နာဒို ကဲ့သို့ စွမ်းဆောင်မှုများ ပြုလုပ်နိုင်ရန် လိုအပ် နေကြောင်း အင်္ဂလန်မှ နာမည်ကျော်

ဘောလုံး အားကစား ဝေဖန်သူ မာတင် ဆမ်မြူရယ်က ပြောကြားလိုက်သည်။

၎င်းက မန်ချက်စတာ ယူနိုက်တက်မှ ပေါ်တူဂီ လက်ရွေးစင် ရော်နာဒိုသည် ရာသီအစက ခြေစွမ်းပုံမှန် မရခဲ့သော်လည်း နောက်ပိုင်း ပွဲစဉ်များတွင် မန်ချက်စတာ အတွက် အကောင်းဆုံး ခြေစွမ်းပြနေသလို အရေးပါသော ဂိုးများလည်း သွင်းယူ ပေးလျှက်ရှိကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုးနားမှ မက်ဆီသည် ပင်ကိုယ်ခြေစွမ်း အလွန်ကောင်းသော်လည်း လိုအပ်ချိန်တွင် အသင်းအတွက် အကျိုးပြုမှုမှာ ရော်နာဒိုကို မမီသေးကြောင်း ဆမ်မြူရယ်က သုံးသပ်ခဲ့သည်။ ရော်နာဒိုသည် မန်ချက်စတာ ယူနိုက်တက် အတွက် ချန်ပီယံလိဂ် ဖိုင်နယ်တက်ရေး အလွန်အရေးကြီးသော အာစင်နယ်နှင့် အဝေးကွင်း ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ရွှေဂိုး (၂)ဂိုးသွင်းယူ နိုင်ခဲ့သည်။

ထိုဂိုးများ အနက် တလုံးမှာ (၄၁) ကိုက်အကွာမှ ဖရီးကစ်အား တိုက်ရိုက် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ရော်နာဒိုသည် ကွာတား ဖိုင်နယ်တွင်လည်း ပေါ်တိုဘက်သို့ (၃၅) ကိုက်မှ ဂိုးလှမ်းသွင်းကာ မန်ချက်စတာအား နောက်တဆင့် ထိုးတက် စေခဲ့သူဖြစ်သည်။

ဆမ်မြူရယ်က မက်ဆီရော၊ ရော်နာဒိုပါ အလွန် အရည်အချင်းရှိသည့် ဘောလုံးသမားများ ဖြစ်ကြသော်လည်း အသင်းအတွက် ရော်နာဒိုက ပိုမို ပေးဆပ်နိုင်သည်ဟု ၎င်းအနေနှင့် ယုံကြည်မိကြောင်း ပြောကြား ဝေဖန်သွားခဲ့သည်။

alt

အကောင်းဆုံး ဆုရမည်ဟု တစ်ပြေးနေသော ဘာစီလိုနား အသင်းမှ လီယွန်နယ် မက်ဆီ

LEAVE A REPLY

Please enter your comment!
Please enter your name here