ယောက်ျားများကို ထိန်းချုပ်ရန် လွယ်ကူသည်ဟု မီဂန်ဖော့စ်ဆို

alt

မီဂန်ဖော့စ်က သူမ၏စိတ်တွင် အမျိုးသားများကို ထိန်းချုပ်ရသော အလုပ်မှာ အလွန် လွယ်ကူသည်ဟု ယူဆမိကြောင်း ပြောကြားလိုက်သည်။

Transformers ဇာတ်ကားမှ မင်းသမီးလေးသည် အမျိုးသားများ၏ အဆွဲဆောင်နိုင်ဆုံး မိန်းကလေး တစ်ဦးအဖြစ် မကြာခဏ ဆန္ဒမဲပေး ခံရသည့် အနုပညာရှင် တစ်ဦးလည်း ဖြစ်ကာ အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ် အမျိုးသားလေးများအား ပိုမို ထိန်းချုပ်ရ လွယ်ကူကြောင်း၊ ၎င်းတို့သည် သူမ၏ ဆန္ဒအတိုင်း စေလိုရာစေ လုပ်ပေးလေ့ရှိကြောင်း ဖော့စ်က ပြောကြားခဲ့သည်။

အသက် (၂၂) နှစ်အရွယ် မင်းသမီးသည် လက်ရှိအချိန်တွင် ချစ်သူ ဘရိုင်ယန် အော်စတင်ဂရင်း နှင့် အတူ နေသူဖြစ်သည်။ ဂရင်းသည် ကိုင်တွယ်ရ ခက်ခဲသော အမျိုးသား တစ်ဦးဖြစ်ပြီး ၎င်းအား နားလည်ရန် ကြိုးစားရာမှ အခြားသော ယောက်ျားများ၏ စိတ်ကို စိုးမိုးနိုင်ရန် အတွေ့ အကြုံကောင်းများ ရရှိခဲ့ကြောင်း ဖော့စ်က ဆိုသည်။

မကြာသေးမီက ဖော့စ်သည် အသက် (၃၅) နှစ်အရွယ် ဂရင်းနှင့် လမ်းခွဲ ခဲ့ပြီဟု ထုတ်ဖော် ပြောကြားပြီးမှ နှစ်ဦးပြန်လည် သင့်မြတ်ခဲ့ခြင်း ဖြစ်သည်။ သူမကိုယ် သူမ ရင့်ကျက်သူ တစ်ဦးဟု မဆိုလိုကြောင်း၊ သို့သော်လည်း အမျိုးသားများ၏ စိတ်နေ သဘောထားကိုတော့ သာမန်ထက် နားလည်သူ တစ်ဦးဟု ခံယူထားကြောင်း ဖော့စ်က အမေရိကန်ထုတ် Elle မဂ္ဂဇင်းသို့ ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here