စီးကရက်ဘူး အရွယ် ထောက်လှမ်းရေး ရဟတ်ယာဉ်ငယ်

alt

ထောက်လှမ်းရေး နှင့် ကယ်ဆယ်ရေး၊ စစ်ဖက်ဆိုင်ရာ လုပ်ငန်း များတွင် အသုံးပြုရန် ရည်ရွယ် ချက်ဖြင့် စီးကရက်ဘူး တဘူး စာမျှသာ အရွယ်အစား ရှိသော ရဟတ်ယာဉ်ငယ် တစင်းကို Prox Digitals ကုမ္မဏီက

တီထွင်လိုက်ပြီ ဖြစ်သည်။

အလေးချိန် အားဖြင့် (၀.၅) ပေါင်မျှသာရှိသော Black Honet အမည်ရှိ ရဟတ်ယာဉ်လေးသည် လူများ ၀င်ရောက်ရန် ခက်ခဲသည့် ပြိုကျနေသော အဆောက်အအုံများ အတွင်း ၀င်ရောက်နိုင်မည်ဟု Prox မှ အကြီးအကဲဖြစ်သူ ပီတာမူယန်းက ပြောကြားခဲ့သည်။

ထိုလေယာဉ်လေးတွင် အလွန် အရွယ်သေးငယ်သည့် ဒီဂျစ်တယ် ကင်မရာတစ်လုံး တပ်ဆင်ထားပြီး ရဟတ်ယာဉ်၏ တစ်နာရီမိုင် (၂၀) နှုန်းဖြင့် ပျံသန်းနေစဉ် အတွင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး သွားနိုင်မည် ဖြစ်သည်။ လက်ရှိအချိန်တွင် ထိုရဟတ်ယာဉ်ကို အစိုးရနှင့် ဆက်စပ်နေသော အေဂျင်စီများသို့သာ ရောင်းချသွားရန် Prox က စီစဉ်ထားသော်လည်း နောက်ပိုင်းတွင်မူ စစ်မြေပြင် ထောက်လှမ်းရေး အတွက်ပါ အသုံးပြုနိုင်ရန် ဆန်းသစ် တီထွင်သွားနိုင်ရေး Prox က ကြံဆလျက်ရှိသည်။

ထို လေယာဉ်လေးတွင် ပါ၀င်သော ဘက်ထရီမှာ ကလေး ကစားစရာအရုပ် ရဟတ်ယာဉ်တွင် ပါရှိသော ဘက်ထရီထက်ပင် ပိုမို သေးငယ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here