ဇွန်လအတွင်း အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပနိုင်ရန် ထိုင်းအစိုးရ ကြိုးပမ်း

alt

ထိုင်း နိုင်ငံ အစိုးရ က ဇွန်လ အတွင်း ဖူးခက် တွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ သွားရန် အခြားသော အာဆီယံ ခေါင်းဆောင်များ၊ ဆွေးနွေးဖက် အစိုးရများ အား ပန်ကြားသွားမည် ဟု မေလ (၄) ရက် နေ့က ကြေညာခဲ့သည်။

ယခုလို ဆုံးဖြတ်ရခြင်းမှာ ထိုင်းအစိုးရ ဆန့်ကျင်ရေး အတိုက်အခံ အင်အားစု များက ဇွန်လ(၁၃)နှင့် (၁၄)ရက်များတွင် ကျင်းပမည့် အာဆီယံညီလာခံကို သပိတ်မှောက် လာနိုင်သော အခြေအနေမျိုး ဖြစ်လာမည် ကို စိုးရိမ်သောကြောင့် ဟု သိရသည်။

ထိုင်းနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန က ပထမအကြိမ် ရွှေ့ဆိုင်း ခဲ့ပြီး ယာယီ သတ်မှတ်ထား သည့် ဇွန်လ (၁၃) နှင့် (၁၄) ရက်နေ့များ သည်လည်း အာဆီယံ ခေါင်းဆောင်များ တက်ရောက် နိုင်ခြင်း ရှိ မရှိ မသေချာသေး သောကြောင့် အတည် မပြုရသေးဟု ပြောကြား ခဲ့သည်။ လက်ရှိ အနေအထား အရ ထိုင်း နိုင်ငံ ၏ ပြည်တွင်းရေး သည် တည်ငြိမ် လုံခြံုသော အနေအထားမျိုး မရှိ သေးကြောင်း လည်း နိုင်ငံခြားရေး ၀န်ကြီး ဌာန က ၀န်ခံ ခဲ့သည်။

အာဆီယံ ညီလာခံ ကို ထိုင်းနိုင်ငံရှိ အပမ်းဖြေစခန်း မြို့တော်တစ်ခု ဖြစ်သည့် ပတ္တယား တွင် ဧပြီလ အတွင်း ကျင်းပနိုင်ရန် မူလက ရည်ရွယ် ထားသော်လည်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု များ ပေါ်ပေါက် လာသဖြင့် ရွှေ့ဆိုင်း ခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here