ကစားသမားရောင်းချတိုင်း ခံစားရသည်ဟု ဖာဂူဆန်ပြောကြား

alt

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြကြီး ဆာအလက် ဖာဂူဆန် က ၎င်း အနေ နှင့် အသင်း မှ ကစားသမား တစ်ဦးကို ရောင်းချ လိုက်ရတိုင်း ရင်ထဲတွင် နာကျင် မိကြောင်း ထုတ်ဖော် ၀န်ခံ ခဲ့သည်။

အသက် (၆၇) နှစ်ရှိ စကော့တလန် လူမျိုး နည်းပြကြီး သည် ကမာ္ဘ့ အကောင်းဆုံး ဘောလုံး နည်းပြ တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသလို နည်းစနစ်ပိုင်း ဆိုင်ရာ ကြွယ်ဝခြင်း နှင့် ခေါင်းမာခြင်းစ သည့် အရည်အသွေးများကြောင့်လည်း နာမည်ကြီး သည်။ ဖာဂူဆန်က ၎င်းသည် မန်ချက်စတာ ကို စတင် ကိုင်တွယ်ချိန်မှ စပြီး အသင်း ကစားသမားများကြား တွင် မိသားစု ဆန်သော ဆက်ဆံရေး မျိုး ရှိနေ စေရန် အဓိက လုပ်ဆောင် ခဲ့ကြောင်း၊ ထို့ကြောင့်လည်း ကစားသမား အချင်းချင်း သံယောဇဉ် ယှက်နွယ်နေပြီး တစ်ဦးဦး က အသင်း ပြောင်းရွှေ့ သွားချိန် တွင် တစ်သင်းလုံး စိတ်မကောင်း ဖြစ်လေ့ ရှိကြောင်း ပြောကြား ခဲ့သည်။

ကိုယ်တိုင် က ဒေးဗစ်ဘက်ဟမ်း၊ ဂျပ်စတမ်း နှင့် နစ္စတယ်ရွိုင်း တို့ကဲ့သို့ ထိပ်ထိပ်ကြဲများ ကို ရောင်းထုတ် ခဲ့သည့် ဖာဂူဆန် က မော်ဒန် ဘောလုံး လောက တွင် သံယောဇဉ် ထက် အသင်းကို သာ ဦးစား ပေးရပြီး အတောင့်တင်းဆုံး ဘောလုံးသမား အင်အားကို သာ ကြိုးစား ဖွဲ့စည်းရသဖြင့် ကစားသမားများ ကို အသင်းမှ ရောင်းထုတ်ရန် ဆုံးဖြတ်ချက်များ ကို ခက်ခက်ခဲခဲ ချရလေ့ ရှိကြောင်း၊ ထိုအခါ တိုင်းလည်း ရင်ထဲ တွင် နာကျင် နေမိကြောင်း ပြောကြား ခဲ့သည်။

ယခု လက်ရှိ အချိန်တွင် မန်ချက်စတာ အသင်းမှ အာဂျင်တီးနား တိုက်စစ်မှူး ကားလို့ တီဗက်စ ်မှာ အသင်းမှ ထွက်ခွာမည် ဟု သတင်းပြေး လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here