H1N1 တုပ်ကွေးသည် သာမာန် တုပ်ကွေး ရောဂါ မျှသာ ခံစားရ

alt

တကမာ္ဘလုံး က ထိတ်လန့် ကြောက်ရွံ့ ခဲ့ရသော H1N1 တုပ်ကွေး နှင့် ပတ်သတ်ပြီး သာမန် တုပ်ကွေး ရောဂါ ခံစားရ ရုံမျှသာ ဖြစ်ကြောင်း ဗြိတိန် မှ မိန်းကလေး တဦး က မှတ်ချက် ပြုခဲ့သည်။

ဆိုဖီဒီဆဲလစ် သည် လန်ဒန် တောင်ပိုင်း အေလင်း ကျောင်း မှ ဖြစ်ပြီး ထို ကျောင်း တွင် ကျောင်းသူ ကျောင်းသား (၆) ဦးထိ H1N1 တုပ်ကွေး ကူးစက်ခံထားရကြောင်း အတည်ပြု နိုင်ခဲ့ ပြီးနောက် ကျောင်းကို ပိတ်ပစ် ခဲ့ရသည်။ မက္ကစီကို တွင် လူ (၁၆၀) ကျော်မျှ သေဆုံး စေခဲ့သည့် H1N1 တုပ်ကွေး ရောဂါ ကူးစက် ခံရသူ တဦး ဖြစ်သည့် အသက် (၁၂) နှစ် အရွယ် ဆဲလစ် က သူမ အတွက် တော့ H1N1 တုပ်ကွေးသည် သမားရိုးကျ တုပ်ကွေး ကြောင့် ခံစားရသည့် နာဖျားမှု နှင့် ဘာမှ မခြားနား ကြောင်း ပြောဆို ခဲ့သည်။ ဗြိတိန်နိုင်ငံတွင် မေလ (၄) ရက်နေ့ထိ H1N1 တုပ်ကွေး ကူးစက်ခံရကြောင်း အတည်ပြု နိုင်ခဲ့သည့် လူနာ (၂၇) ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ဆဲလစ် မှာလည်း အခြားသော ဝေဒနာရှင်များ နည်းတူ ဆေးရုံ တက်ခဲ့ ရသေးသည်။

သို့သော်လည်း ယခုအခါ တွင် သူမအား ကူးစက် နေသည့် ဗိုင်းရပ်စ်ပိုး မှာ ပျောက်ကင်း သွားပြီ ဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့် ရလာသော ဆဲလစ် က သူမ ၏ အတွေ့အကြံုအရမူ H1N1 တုပ်ကွေး သည် ထင်သလောက် မပြင်းထန်ဘဲ သာမန် တုပ်ကွေး လောက်ပင် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here