အီတလီ ၀န်ကြီးချုပ်အား ဇနီးဖြစ်သူက ကွာရှင်းခွင့် တောင်းဆို

alt

အီတလီ ၀န်ကြီးချုပ် ဆယ်ဗီယို ဘာလူစကိုနီ အား ဇနီးသည် ဖြစ်သူ ဗယ်ရိုနီကာလယ်ရီရို က ကွာရှင်း ရန် တောင်းဆို ထားကြောင်း သိရသည်။

ယခင် က ရုပ်ရှင် မင်းသမီး တစ်ဦး ဖြစ်ခဲ့ ဖူးသူ လယ်ရီရို သည် ကွာရှင်းမှု အတွက် ဘာလူစကိုနီ ပိုင်ဆိုင်သည့် ပေါင်စတာလင် (၆) ဘီလျံ ထဲမှ အတိုင်းအတာ တစ်ခုထိ လျော်ကြေး တောင်းခံ သွားရန် ပြင်ဆင် ထားသည်။

အသက် (၇၂) နှစ်ရှိ ၀န်ကြီးချုပ် သည် နေပယ် မြို့ရှိ (၁၈) နှစ်သမီး လှပျိုဖြူလေး တဦး ၏ မွေးနေ့ ပွဲ သို့ တကူးတက တက်ရောက်ကာ စိန်စီ ရွှေဆွဲကြိုး တစ်ကုံး လက်ဆောင် ပေးခဲ့ကြောင်း သတင်းစာများ က တခမ်းတနား ဖော်ပြ ခဲ့ပြီးနောက် လယ်ရီရို က ကွာရှင်းခွင့် တောင်းရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။ သူမ သည် ဘာလူစကိုနီ ၏ ဒုတိယ ဇနီး ဖြစ်ပြီး အိမ်ထောင်သက် (၁၉) နှစ်ထိ ပေါင်းသင်း ခဲ့သည်။

ဘာလူစကိုနီ သည် အီတလီ ၏ တတိယမြောက် အကြွယ်ဝဆုံး ပုဂ္ဂိုလ် လည်း ဖြစ်ပြီး နိုင်ငံ အတွင်း ရင်းနှီး မြှုပ်နှံ ထားသည့် ငွေပမာဏ အမြောက်အမြား ရှိနေ သည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here