ငယ်ပါ ကိုက်မိလိုက်သော အတွင်းရေးမှုးမ တဦး

alt

အသက် ၃၀ အရွယ် အတွင်းရေးမှူး မလေး က သူမ၏ အလုပ်ရှင်နှင့် ကားထဲတွင် လိင် ဆက်ဆံ နေစဉ် နောက်ပြန်ဆုတ် လာသော ဗင်န်ကားတစီး က ၎င်းတို့၏ ကားကို ၀င်ဆောင့် လိုက်သည့် အတွက် ကြောင့်

သူမ နှင့် လိင် ဆက်ဆံနေသည့် အလုပ်ရှင် အမျိုးသား ၏ လိင်တံအား အလန့်တကြား ယောင်ရမ်း ၍ ရုတ်တရက် ကိုက်မိ ခဲ့ကြောင်း မလေးရှား နိုင်ငံထုတ် Sin Chew Daily and China Press သတင်းစာက မနေ့က ဖော်ပြခဲ့သည်။

ထို ဗင်န်ကား က ၎င်းတို့နှစ်ဦး လိင် ဆက်ဆံနေစဉ် မတော်တဆ ၀င်ဆောင့် လိုက်သည့် အတွက်ကြောင့် အမျိုးသမီး ဖြစ်သူက အမျိုးသား၏ တန်ဆာကို ကိုက်လိုက်မိခြင်း ဖြစ်ကြောင်း သတင်းစာ တွင်ဖော်ပြ ထားခဲ့ သည်။

ထို ဖြစ်ရပ်မှာ စင်္ကာပူ နိုင်ငံမှ ပန်းခြံတစ်ခုတွင် အဆိုပါ စုံတွဲဲ အလုပ်က အပြန်တွင် ချိန်းတွေ့ ကြရာမှ ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။ အမျိုးသမီးကို ပိုပြီး ဆိုးစေသည့် အကြောင်းမှာ၊ သူမ ၏ တရားဝင် လက်ထပ်ထားသည့် ယောကျ်ားက သူမသည် ၎င်းအပေါ် သစ္စာမရှိ၊ ဖောက် ပြန်သည်ဟု သံသယ ရှိနေပြီး နောက်ပိုင်းတွင် ယောကျ်ား ဖြစ်သူက အလွတ်စုံထောက် တစ်ယောက်ကို ငှားရမ်းကာ သူမအား စောင့်ကြည့်နေခဲ့သည့် နောက်ပိုင်းတွင်မှ ယခုလို ဖြစ်ပျက်ခဲ့ရခြင်း ဖြစ်သည်။

ထို စုံထောက်က သူ့အနေနှင့် ထို အမျိုးသမီးနှင့် သူမ၏ သူဋ္ဌေး ပန်းခြံထဲသို့ ၀င်သွားသည်ကို နောက်မှ လိုက်ချောင်းခဲ့ကြောင်း၊ “ပန်းခြံ ထဲကိုရောက်တော့ သူတို့ ကားထဲ ကနေ ထွက်မလာဘူး။ နောက်ပြီး သိပ်မကြာဘူး၊ ကား က တော်တော်ကို လှုပ်နေတယ်။ အဲဒီ အချိန်မှာ နောက်က ဗင်န် ကားတစ်စီးက အမှတ်တမဲ့ သူတို့ကားကို ၀င်ပြီး ဆောင့်လိုက်ရော၊ ကားထဲ က အမျိုးသမီး တစ်ယောက်ရဲ့  ငယ်သံပါအောင် အော်တဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။ ပြီးတော့ ကားပြင်ထွက်လာတဲ့ သူမရဲ့  ပါးစပ်မှာ သွေးတွေပေနေတာ ကိုလည်း တွေ့လိုက်ရတယ်” ဟု အဆိုပါ အလွတ်စုံထောက်က ပြောပြသည်။

ထိုအမျိုးသမီးက နောက်ပိုင်းတွင် အလုပ်ရှင် အမျိုးသား၏ ပြတ်သွားသော လိင်တံ အပိုင်းအစ နှင့်အတူ ဆေးရုံသို့ ပို့ပေးခဲ့ရသည် ဟုလည်း သိရှိရသည်။ အလွတ်စုံထောက် က ဆေးရုံကားကို ခေါ်ပေး ခဲ့ရပြီး ၎င်းက “အဲလို မတော်တဆမှုမျိုး ကို ကျနော် ကြံုဖူးတာ တသက်မှာ ဒါ ပထမဆုံး အကြိမ် ဘဲ” ဟုလည်းဆိုသည်။

မေလ ၅ ရက်နေ့ မလေးရှားနိုင်ငံထုတ် The Star online သတင်းစာမှ “Secretary accidentally bites off boss’ penis” ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

ကျော်သိင်္ခ

LEAVE A REPLY

Please enter your comment!
Please enter your name here