ပင်လယ်ဓားပြ သင်္ဘောအား ပေါ်တူဂီ ရေတပ်မှ စီးနင်း သိမ်းပိုက်

alt

ပေါ်တူဂီ ရေတပ် စစ်သင်္ဘောတစ်စင်း သည် ဧဒင်ပင်လယ်ကွေ့ အတွင်း ပင်လယ် ဓားပြများ ပိုင်ဆိုင်သည်ဟု ယူဆ ရသည့် သင်္ဘောတစ်စင်း မှ ဖောက်ခွဲရေး ကိရိယာများ သိမ်းယူ ရရှိခဲ့ကြောင်း သိရှိရသည်။

မေလ (၁) ရက်နေ့က နေတိုးအဖွဲ့မှ အဆိုပါ သဘောင်္သည် နော်ဝေ ရေနံတင်သင်္ဘော တစ်စင်းကို တိုက်ခိုက်ခဲ့သည့် ပင်လယ် ဓားပြသင်္ဘောဟု ယူဆရသည့် သင်္ဘောထံ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ ဖောက်ခွဲရေး ပစ္စည်းများ သိမ်းဆည်း နိုင်ခဲ့ခြင်း ဖြစ်ပြီး နေတိုး စစ်သင်္ဘော တစ်စင်း အနေနှင့် ယခုကဲ့သို့ သိမ်းဆည်း နိုင်ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း အာဏာပိုင်များ က အတည်ပြု ပြောကြားခဲ့သည်။

Corte-Real အမည်ရှိ ဖရီးဂိတ် စစ်သင်္ဘော၏ ကပ္ပတိန် ဖြစ်သူ အလက်ဇန်းဒါး ဆန်းတို့စ် ဖာနန်ဒက် က ဒိုင်းနမိုက်များ၊ စနက်တံများ နှင့် သင်္ဘောနံရံ ကို ပေါက်ထွက် သွားစေမည့် ဖောက်ခွဲရေး ပစ္စည်းများ သိမ်းယူနိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး ထို ပစ္စည်းများနှင့် အတူ သိမ်းဆည်း ရမိသည့် အော်တိုမက်တစ် ရိုင်ဖယ် (၄) လက်၊ RPG လောင်ချာ (၉) လက်နှင့်အတူ ဖျက်ဆီး လိုက်ပြီဟု အတည်ပြု ပြောကြား သွားသည်။

ထို သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ပင်လယ်ဓားပြဟု ယူဆရသူ (၁၉) ဦးကိုမူ ရေတပ်က လွှတ်ပေးလိုက်ပြီး ထို ပစ္စည်းများကို မည်သည့် ရည်ရွယ်ချက်နှင့် အသုံးပြုမည် ကို အသေအချာ မသိသဖြင့် ၎င်းတို့အား ပင်လယ်ဓားပြဟု စွပ်စွဲရန် ခက်ခဲကြောင်း ဖာနန်ဒက်က ရှင်းလင်း ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here