H1N1 တုပ်ကွေး ကာကွယ်သည့် အနေဖြင့် အီရတ်တွင် ၀က်ဝံများ အား သတ်ပစ်

alt

H1N1 တုပ်ကွေးရောဂါ ပြန့်နှံ့ ဖြစ်ပွားနေမှု ကို ကာကွယ်သော အားဖြင့် အီရတ်နိုင်ငံ အတွင်း တိရစ္ဆာန် ဥယျာဉ် တခုအတွင်း မွေးမြူ ထားသော ၀က်ဝံများ ကို သတ်ပစ် ခဲ့ကြောင်း သိရှိ ရသည်။

H1N1 ရောဂါပိုး ကူးစက် ပြန့့်နှံမှုများ အရှေ့ အလယ်ပိုင်း ဒေသအတွင်းသို့ ရောက်ရှိ လာကြောင်း သတင်းများ ထွက်ပေါ် လာပြီးနောက် ဇာဝါရာ တိရစ္ဆာန် ဥယျာဉ် မှ ၀က်ဝံရိုင်း (၃) ကောင်ကို သတ်ပစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တိရစ္ဆာန်ရုံမှ တာဝန်ရှိသူ တဦးက ဆိုသည်။

၀က်ဝံများကို ရှေးဦးစွာ မေ့ဆေးပေးပြီးမှ သုတ်သင်ခဲ့ကြောင်း၊ ထို့နောက် မြေမြှုပ်ခဲ့ကြောင်း သိရှိရသည်။ တိရစ္ဆာန်ရုံသို့ လာရောက် လည်ပတ်သူ ဦးရေမှာ ထိုရောဂါကို ကြောက်ရွံ့မှု ကြောင့် သိသိသာသာ ကျဆင်းသွားသဖြင့် ယခုလို ၀က်ဝံများအား ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ က ပြောကြား ခဲ့သည်။

လက်ရှိ အချိန်တွင် ၀က်တုပ်ကွေး မှ H1N1 တုပ်ကွေး ဟု အမည်ပြောင်းလဲ ခေါ်ဆိုနေပြီ ဖြစ်သည့် သေစေ နိုင်လောက်သော ကူးစက် ရောဂါ သည် အီရတ် နိုင်ငံအတွင်း ရောက်ရှိခြင်း မရှိဟု အီရတ် အစိုးရ က ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here