မူးယစ်ဆေးဝါးကြောင့် သေမလို ဖြစ်ခဲ့ဖူးဟု အင်မ်မီနန် ပြောကြား

alt

Rap အဆိုတော် Eminem က ၎င်းသည် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲသဖြင့် သေမလိုပင် ဖြစ်ခဲ့ ဖူးကြောင်း ထုတ်ဖော် ၀န်ခံခဲ့သည်။

Eminem က (၂၀၀၅) ခုနှစ်အတွင်း ဟီးရိုးအင်းကို အဆမတန် သုံးစွဲခဲ့မိပြီး အိတ်လေးအိတ် ကုန်အောင် အသုံးပြု ပြီးချိန်တွင် ဆိုးဆိုးရွားရွား ခံစား ခဲ့ရကြောင်း ပြန်လည် ပြောပြခဲ့သည်။

၎င်းသည် အကိုက်အခဲ ပျောက်ဆေးများ ဖြစ်သည့် Vicodin၊ Ambien နှင့် Valium တို့ကဲ့သို့ ဆေးဝါးများကိုလည်း တနေ့လျှင် အလုံး(၂၀)ခန့် အထိ စွဲမြဲစွာ သောက်သုံးခဲ့ကြောင်း Eminem ကဆိုသည်။ ထိုစဉ်က ဆေးဝါးများ အလွန်အကျွံ သုံးစွဲပြီးနောက် ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေမှန်းပင် သတိမပြုမိအောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်ခဲ့ဖူးသည်ဟု Eminem က ထုတ်ဖော် ပြောဆိုဝန်ခံခဲ့သည်။

၎င်းသည် ဒူးခေါင်းတွင် မတော်တဆ ဒါဏ်ရာရပြီးနောက် ဆရာဝန်များ တားမြစ်ထားသည့်ကြားမှ အကိုက်အခဲ ပျောက်ဆေးများကို ပမာဏ များပြားစွာ သောက်ခဲ့ကြောင်း Eminem က ၀န်ခံခဲ့သည်။ သို့သော်လည်း ယခုအခါတွင် ထိုမူးယစ်ဆေးဝါးများကို ကျောခိုင်းနိုင်ခဲ့ပြီဟု Eminem ကဆိုပြီး Rap ဂီတကိုသာ မူးယစ်ဆေးစွဲသလို စွဲလန်းနေမိကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here