ပရာဗီရာ ဘုရားကျောင်းအနီးမှ ရွာနှစ်ရွာအား ပြန်လည် တည်ဆောက်မည်

alt

ကမော္ဘဒီးယား နိုင်ငံ ၀န်ကြီးချုပ် ဟွန်ဆန်က သက်တမ်း နှစ်ပေါင်း (၉၀၀) ကျော်မျှရှိသည့် ပရာဗီရာ ဘုရားကျောင်း အနီးမှ ကျေးရွာ နှစ်ရွာကို ပြန်လည် တည်ထောင်ရန် ဆုံးဖြတ်လိုက်ကြောင်း

မေလ (၅) ရက်နေ့က ကြေညာခဲ့သည်။

ကူမိုင်းနှင့် ပရားဆက်ရွာ များသည် ထိုင်း-ကမော္ဘဒီးယား နယ်နိမိတ် အနီးရှိ ဘုရားကျောင်းနှင့် အလွန်နီးကပ်စွာ တည်ရှိနေသည်။ ပရာဆက်ရွာသည် ထိုင်းနှင့် ကမော္ဘဒီးယားစစ်တပ်များ ဘုရားကျောင်း ပိုင်ဆိုင်ခွင့်အတွက် ရင်ဆိုင် တိုက်ပွဲဖြစ်ကြသည့် ဧပြီလ (၃) ရက်နေ့က ပျက်စီးသွားခဲ့သည်။

ကူမိုင်းရွာမှ ရွာသူ ရွာသားများသည်လည်း ဘုရားကျောင်းနှင့် နီးစပ်သော နေရာတွင် နေထိုင်နေရသဖြင့် စစ်ဖြစ်လာနိုင်သော အဆိုပါဒေသကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ သို့သော်လည်း ကမော္ဘဒီးယား အစိုးရက မြေဧက (၄၅၀၀)ခန့်ကို ထိုရွာနှစ်ရွာ ပြန်တည်ပေးရန် သတ်မှတ်ပေးခဲ့ပြီး ကျေးရွာနေမိသားစု (၇၉၂)ခုကိုလည်း ဇာတိဒေသသို့ ပြန်နိုင်ရန် ကူညီပေးမည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

ပရာဗီရာ ဘုရားကျောင်းသည် ထိုင်းနှင့် ကမော္ဘဒီးယား နယ်နိမိတ်တွင် တည်ရှိနေပြီး ယူနက်စကိုအဖွဲ့ ထိုဘုရားကျောင်းအား ကမာ္ဘ့အမွေအနှစ် တခုအဖြစ် သတ်မှတ် ပေးလိုက်ပြီးနောက် နှစ်နိုင်ငံလုံးက ဘုရားကျောင်းကို ပိုင်ဆိုင်နိုင်ရန် တောင်းဆိုလျှက်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here