ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် တိုက်စစ် ဖွင့်ကစားမည်

alt

 ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲတွင် ချဲလ်ဆီးနှင့် ကစားမည့် ဘာစီလိုနာ အသင်းသည် တိုက်စစ် ကိုသာ အဓိကထား ကစား သွားမည်ဟု ဘာစီလိုနာ ကွင်းလယ် ကစားသမား

အင်နီ ယေစတာက ပြောကြား လိုက်သည်။

ချဲလ်ဆီး အသင်းသည် စပိန်မြေ ဘာစီလိုနာ ကွင်းတွင် တသင်းလုံး နောက်တန်းတွင် စုပြံု ပိတ်ဆို့ကာ ခံစစ် ကစားသွားသော်လည်း အိမ်ကွင်းတွင်မူ ထိုနည်းမျိုးဖြင့် ဘာစီလိုနာအား ဟန့်တားနိုင်မည် မဟုတ်ကြောင်း စပိန် လက်ရွေးစင် က ဆိုသည်။

၎င်းတို့ အသင်းသည် ရီးရဲလ် မက်ဒရစ်အား အနိုင်ရ ရှိခဲ့စဉ်က စိတ်ဓာတ် ခွန်အားမျိုးဖြင့် ချဲလ်ဆီးကို ချေမှုန်းမည်ဟု အင်နီယေစတာက ကြံုးဝါးခဲ့သည်။ ဘာစီလိုနာသည် နောက်ဆုံး ကစားထားသည့် စပိန်လာလီဂါ ပွဲစဉ်အတွင်း အနီးဆုံး ပြိုင်ဘက် ရီးရဲလ်အား ရီးရဲလ်ကွင်းတွင်ပင် (၆-၂)ဖြင့် အနိုင်ကစားပြီး တိုက်စစ် အစွမ်းပြထားသည့် အသင်းဖြစ်သည််။

ထို့အပြင် အင်နီယေစတာက ချဲလ်ဆီးကို အောင်နိုင်ရေးအတွက် အဓိကကျသူမှာ အသင်း၏ လူငယ်တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ထက် အင်္ဂလန်ကလပ် အသင်းများ၏ အထာကို အသေအချာသိနေသူ သီအာရီ ဟင်နရီသာ ဖြစ်လာ နိုင်ဖွယ်ရှိကြောင်း သုံးသပ် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here