မျိုးရိုးဗီဇ ပြောင်းလဲမှု အများဆုံးလူမျိုး?

alt

အာဖရိကန် လူမျိုးစုများ သည် ကမာ္ဘပေါ် တွင် မျိုးဗီဇ ပြောင်းလဲမှု အများဆုံး ဖြစ်ပေါ် ခဲ့ကြောင်း သိပ္ပံ ပညာရှင်များ က တွေ့ရှိ ခဲ့သည်။

ကမာ္ဘပေါ် တွင် လူသားမျိုးနွယ်များ စတင် ပေါ်ပေါက် လာပြီးနောက် ဆင့်ကဲ ပြောင်းလဲမှုများ အစဉ် အဆက် ဖြစ်ပွား ခဲ့သော်လည်း အာဖရိက တိုက်သားများ သည် ပြောင်းလဲမှု အများဆုံး ကြံုခဲ့ရသူများ ဟု သုတေသီများ က ဆိုသည်။

အာဖရိကတိုက် မျိုးဗီဇ ဆိုင်ရာ လေ့လာသူများသည် တောင် အာဖရိက နှင့် နမီးဘီးယား နိုင်ငံ နယ်စပ် ဒေသ အနီးတွင် လူသား မျိုးနွယ်များ ၏ အစောဆုံး သက်ရှိများ နေထိုင်ခဲ့ဖွယ် ရှိကြောင်း ခန့်မှန်းခဲ့ကြသည်။ ပင်ဆယ်ဗေးနီးယား တက္ကသိုလ် မှ မျိုးဗီဇ ဆိုင်ရာ သုတေသန ပညာရှင် ဆာရာတစ်ဆကော့ က အာဖရိကန် – အမေရိကန် လူမျိုးများ ထက် အနောက်ဘက် အာဖရိက တိုက် မှ လူမျိုးများ သည် မျိုးဗီဇ ပြောင်းလဲမှု ပိုမို ကြီးမားစွာ ကြံုတွေ့ခဲ့ရကြောင်း ရှင်းပြခဲ့သည်။

သူမ နှင့် အခြား သုတေသီများသည် အာဖရိကတွင် လေ့လာရေး လုပ်ငန်းများ ကို ဆယ်နှစ်ကြာ ပြုလုပ် ခဲ့ပြီးနောက် ယခု တွေ့ရှိချက်များကို Science ဂျာနယ်အတွင်း ထည့်သွင်း ဖော်ပြ ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here