Twitter အား စွဲစွဲမြဲမြဲသုံးသူ ရာခိုင်နှုန်း နည်းပါး

alt

နာမည်ကျော် Social Networking ၀ဘ်ဆိုဒ် တခုဖြစ်သည့် Twitter အား အသုံးပြုသူ အများစုသည် Account ဖွင့်ပြီး တလ အတွင်းတွင် ၀ဘ်ဆိုဒ် ကို ကျောခိုင်း စွန့်ခွာသွား လေ့ရှိကြောင်း သိရှိရသည်။

Twitter အား အော်ပရာ ၀င်းဖရေး ကဲ့သို့ နာမည်ကျော်များ၊ Celebrity များက စွဲစွဲမြဲမြဲ အသုံးပြုလေ့ရှိသလို တနှစ် အတွင်း သုံးစွဲသူ ဦးရေမှာလည်း (၄၇၅၀၀၀) မှ (၇) သန်းအထိ ခုန်တက်လာအောင် အောင်မြင်မှု ကြီးကြီးမားမား ရရှိထားသည်။

သို့သော်လည်း Online သုတေသန ကုမ္မဏီတခု ဖြစ်သည့် Neilsen ၏ စစ်တမ်းများ အရ Twitter ၏ User အသစ် စုစုပေါင်းမှ (၆၀) ရာခိုင်နှုန်းသည် Account ဖွင့်ပြီး တလ အတွင်းမှာပင် ၀ဘ်ဆိုဒ် ကို ဆက်လက် အသုံးမပြု တော့ကြောင်း သိရသည်။

ထို အနေအထား သည် MySpace နှင့် Facebook တို့က ၎င်းတို့၏ User အသစ်များ အား (၇၀) ရာခိုင်နှုန်း နှင့် အထက် ထိန်းချုပ် ဆွဲဆောင်ထားနိုင်မှု နှင့် နှိုင်းယှဉ်ပါက အားနည်း နေကြောင်း Neilsen က သုံးသပ် ခဲ့သည်။ သို့သော်လည်း Twitter ၏ ၀န်ဆောင်မှုများ ကောင်းမွန် နေခြင်းက ၎င်းအား အောင်မြင်မှုများ ဆက်လက် ရရှိ စေရန် တွန်းပို့ နေဦးမည် သာဖြစ်ကြောင်း Neilesn က ဆက်လက် ခန့်မှန်း သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here