ဗြိတိန်ပြည်သူများ H1N1 တုပ်ကွေး ကြောက်၍ အလုပ်မဆင်း

alt

ဗြိတိန် နိုင်ငံတွင် H1N1 တုပ်ကွေး ဗိုင်းရပ်စ် ကူးစက်ပြန့်ပွား နေပြီ ဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့ပြီးနောက် ထောင်ပေါင်း များစွာသော ဗြိတိသျှ ပြည်သူများသည် ထို ရောဂါ ကူးစက်မည် ကို ကြောက်ရွံ့ပြီး အလုပ်ခွင်များ သို့ သွားရောက် ခဲ့ခြင်းမရှိဟု သိရသည်။

မေလ (၁) ရက်နေ့တွင် H1N1 တုပ်ကွေး ဗြိတိန် နိုင်ငံအတွင်း စတင်ကူးစက် နေပြီဟု ကျန်းမာရေး ၀န်ကြီးဌာန က သတင်း ထုတ်ပြန်လိုက်ရာ နောက်တရက် တွင် အလုပ်ခွင်များသို့ လာရောက်မှု မရှိသလောက် ဖြစ်သွား ကြကြောင်း သိရသည်။ အသက် (၂၄) နှစ်အရွယ် စကော့လူမျိုး ဂရီမီပါစီတီ သည် မက္ကစီကို နိုင်ငံသို့ ဟန်းနီးမွန်း ခရီးထွက်ပြီး ပြန်လာရာ မှ ၎င်းတွင်ရော၊ ဇနီးသည် ထံတွင်ပါ ထိုရောဂါ ကူးစက် နေကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်။

ဗြိတိန်တွင် ကျောင်းများကိုလည်း စတင်ပိတ်နေပြီ ဖြစ်ပြီး ရောဂါအပေါ် စိုးရိမ် ထိတ်လန့်မှု မှာလည်း တစထက် တစ ကြီးထွား လာနေခဲ့ရသည်။ H1N1 တုပ်ကွေးရောဂါ ကူးစက်ခံ နေရပြီဟု သံသယ ရှိဖွယ် အနေအထား ရှိသည့်နိုင်ငံ အမြောက်အများ ရှိနေသလို မက္ကစီကို၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ စပိန် နှင့် ဂျာမနီ နိုင်ငံများ သို့ ထို ရောဂါ ကူးစက် နေပြီ ဖြစ်ကြောင်း အတည်ပြု ထားသည်။

၀က်တုပ်ကွေး နိုင်ငံအတွင်း ပြန့်နှံ့နေပြီဟု ကြေညာ ပြီးချိန်တွင် အလုပ်ခွင်သို့ မလာရောက်ခဲ့သူ ဗြိတိန် နိုင်ငံသား ဦးရေ မှာ အနည်းဆုံး (၂၆၅၀၀) ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here