သွေးကြော အတွင်းမှ ညစ်ညမ်းပစ္စည်းများကို ကုထုံးသစ်ဖြင့် ဖယ်ရှားနိုင်

alt

ခန္ဓာကိုယ်အတွင်း စီးဆင်း နေသည့် သွေးကြောများ အတွင်းမှ ညစ်ညမ်း ပစ္စည်းများကို သံလိုက် စွမ်းအားဖြင့် ဖယ်ရှား နိုင်မည့် ကုထုံးတမျိုးကို စတင် စမ်းသပ် နေပြီ ဖြစ်ကြောင်း သိရှိ ရသည်။

ထို ကုထုံးသစ် အရ သွေးထဲရှိ မလိုလား အပ်သည့် အဆိပ်အတောက် ဓာတ်ပစ္စည်းများကို သံလိုက်ဖြင့် ခန္ဓာကိုယ် ပြင်ပသို့ ဆွဲထုတ် နိုင်မှုအား အခြေခံ ထားကြောင်း သိရသည်။

တနည်းအားဖြင့် သွေး အဆိပ်သင့်မှုကို သံလိုက် စွမ်းအားဖြင့် ချေဖျက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း အမေရိကန် နိုင်ငံ၊ ဘော်စတွန် ကလေးဆေးရုံမှ ဆရာဝန်များ က ဆိုသည်။ ၎င်းတို့ ၏ စမ်းသပ်မှုအရ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက် ဘက်တီးရီးယားများ ၏ (၈၀) ရာခိုင်နှုန်း ကျော်ကို သံလိုက်စွမ်းအင်ဖြင့် ဖယ်ရှားနိုင်ကြောင်း သိရသည်။

ထို ကုထုံးကို အလွန်ငယ် ရွယ်သေးသော ကလေးငယ်များ တွင် အဓိကထား အသုံးပြုရန် ရည်ရွယ်ကြောင်း အဆိုပါ ဆေးရုံမှ ဒေါက်တာ ဒွန်အင်ဘာ က ဆိုသည်။

သွေးများကို ပိုက်ဖြင့် စုပ်ထုတ်ပြီး သံလိုက် စွမ်းအင်ဖြင့် သန့်စင်ပြီး ခန္ဓာကိုယ် အတွင်း ပြန်လည် ၀င်ရောက် စေခြင်းဖြင့် သွေး အဆိပ်သင့်မှု ကို ပျောက်ကင်း စေနိုင်မည် ဖြစ်ကြောင်း သုတေသီများ က ယုံကြည်လျက် ရှိသည်။

သို့သော် အဆိုပါ ကုထုံးကို အစောတလျှင် အသုံးပြုဦးမည် မဟုတ်ဘဲ ယခုထက် အကျိုး သက်ရောက်မှု ကြီးမားအောင် ဆက်လက် လေ့လာ ဦးမည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here