အင်တာနက် သုံးစွဲသူ များပြားလာခြင်းကြောင့် Google, YouTube တို့ကို ထိခိုက်နိုင်

alt

ကမာ္ဘ နှင့် အဝှမ်း အင်တာနက် သုံးစွဲသူ ဦးရေ တိုးတက် လာခြင်းသည် Google နှင့် YouTube တို့ကဲ့သို့ လူကြည့်များ သည့် ၀ဘ်ဆိုဒ်များ ၏ အနာဂတ် ကို ခြိမ်းခြောက် လာခဲ့ကြောင်း သိရသည်။

အထူးသဖြင့် အင််တာနက်တွင် ရှာဖွေမှု ပြုလုပ်သူများ အဆမတန် တိုးပွားလာခြင်း ကြောင့် လိုအပ်သော စွမ်းအင် ကို ထုတ်လုပ် ပေးနိုင်မည့် ရင်းမြစ်များ ရှားပါးလာမည့် အရေးကို ပညာရှင်များက စိုးရိမ်မကင်း ဖြစ် နေကြရသည်။

ထိုအခါ လျှပ်စစ်မီး ပြတ်တောက်မှုများ၊ စွမ်းအင် အသုံးချရေး ရပ်ဆိုင်းသွားမှု များကြောင့် စီးပွားရေး လုပ်ငန်းများတွင် နာရီ နှင့် အမျှ ထိခိုက်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင် သည်ဟု သုတေသီများ က ကြိုတင်ခန့်မှန်း နေကြပြီဖြစ်သည်။

ကျွမ်းကျင်သူများ၏ ခန့်မှန်းမှုအရ ကမာ္ဘနှင့်အဝှမ်း အင်တာနက် အသုံးပြုသူ (၁.၅) ဘီလျံမျှ အထိရှိပြီး တနှစ်လျှင် (၁၀) ရာခိုင်နှုန်းမျှ အထိ တိုးတက်နေဆဲဟု သိရသည်။ ထို့ အတွက် စွမ်းအင်ဆိုင်ရာ ပြဿနာကို ကြိုကြိုတင်တင် လေ့လာအဖြေရှာ ထားရန် လိုအပ်နေပြီ ဖြစ်ကြောင်း Sun Micro Systems မှ ဒုတိယ ဥက္ကဌ ဆူဘော့ဘာပတ် က ဆိုသည်။

အင်တာနက် အသုံးပြု သူများ အလွန်များပြားလာသည်နှင့်အမျှ Data Centre များ၊ Server များကို အသစ် တိုးချဲ့ရမည် ဖြစ်ပြီး ထို အတွက် လည်း စွမ်းအင် ပမာဏ အမြောက်အမြား ကို သုံးစွဲရန် လိုအပ်ကြောင်း ဘာပတ် က ထောက်ပြ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here